Latest News
နောက်ဆုံးရသတင်းများ
“အ”သုံးလုံးအဖွဲ့ဝင်များ ဒုတိယအကြိမ်မြောက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲ ကျင်းပမည်
04/06/19
မြန်မာနိုင်ငံ စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ (“အ”သုံးလုံး အဖွဲ့)၏ ဒုတိယအကြိမ်မြောက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်နယ်မြေ ဝိဇ္ဇာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
04/06/19
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆေးလိပ်ငွေ့ကင်းစင် အင်းလေးဖောင်တော်ဦးတစ်ခွင် အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင် ဖွင့်လှစ်
04/06/19
ညောင်ရွှေ ၄ ဇွန်
၂၀၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် ဆေးလိပ်ငွေ့ကင်းစင် အင်းလေးဖောင် တော်ဦးတစ်ခွင် အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၄ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးဘုရား၌ ကျင်းပကြောင်း သိရသည်။
ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီး ကျားခြံတောင်တံတားထိပ်၌ မိုင်းနှစ်လုံးပေါက်ကွဲ
04/06/19
မြေပုံ ၄ ဇွန်
ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီး မြေပုံမြို့နယ်လမ်းအပိုင်း ဂြန့်ဟင်းခါးကျေးရွာအနီး မိုင်တိုင်အမှတ် (၆၉/၄)အတွင်း ကျားခြံတောင်တံတားထိပ် ဝဲ/ယာ နှစ်ဘက်၌ ယနေ့နံနက်ပိုင်းတွင် မြေမြုပ်မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ဂွမြို့၌ မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သောသုံးသပ်ဆွေးနွေးပွဲ ကျင်းပ
04/06/19
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်းဖြင့် အခြေခံအဆောက်အအုံများ ဆောင်ရွက်ခဲ့ရာ ပထမနှစ်စီမံကိန်းစက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သောသုံးသပ်ဆွေးနွေးပွဲကို ဇွန် ၃ ရက်နံနက် ၉ နာရီက ဂွမြို့ အောင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၁၉ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂျူဒိုပြိုင်ပွဲ၊ ဖွင့်ပွဲ ကျင်းပ
04/06/19
ရန်ကုန် ၄ ဇွန်
၂၀၁၉ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား လူသစ်တန်းနှင့် အသက်(၂၀)နှစ်အောက် သက်ငယ်တန်း ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်း အားကစားပြိုင်ဝင်း (မိုးလုံ/လေလုံ) အားကစားခန်းမ၌ ကျင်းပသည်။
ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းသွားလာနိုင်ရေး အသိပညာပေး
04/06/19
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မိုးရာသီမတိုင်မီ ရေယာဉ်များအန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းသွားလာနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ညအချိန်စက်ဘီးတွန်းလာသူတစ်ဦး လှည့်ကင်းနှင့်တွေ့၍ စစ်ဆေးရာမှ ကျုးလွန်ခဲ့သော စက်ဘီးခိုးယူထားမှုများ ထပ်ပေါ်ပေါက်
04/06/19
ဒလမြို့နယ်တွင် ဇွန်လ ၁ ရက် ည ၉ နာရီက စက်ဘီးတစ်တွန်းလာသူတစ်ဦးအား လှည့်ကင်းအဖွဲ့မှ စစ်မေးရာမှကျုးလွန်ခဲ့သော စက်ဘီးခိုးယူမှုများ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရသည်။