Latest News
နောက်ဆုံးရသတင်းများ
မိုင်းရယ်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
04/06/19
မိုင်းရယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် ည ၈ နာရီက မိုင်းရယ်မြို့၊ အမှတ်(၃)ရပ်ကွက်လမ်းမပေါ်တွင် အိုက်အောင်စိန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းကိုင်ထားသည့်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ သိမ်းဆည်း ရမိခဲ့သည်။
၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ)ပွဲစဉ်ကို ဟံသာဝတီဂေါက်ကွင်း (ပဲခူး)၌ ကျင်းပမည်
04/06/19
မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ မြဝတီဘဏ်လီမိတက်၏ အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၁၉ ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ)ပွဲစဉ်ကို ဟံသာဝတီ ဂေါက်ကွင်း၊ ပဲခူးမြို့၌ ဇွန် ၁၃ ရက်မှ (၁၆) ရက်အထိကျင်းပမည်ဖြစ်သည်။
မြန်မာဆယ်မားအူလ်အွန်ဒုံ စီမံကိန်းမှ စီမံကိန်း တတိယနှစ်၏ဆောင်ရွက်ချက်များအပေါ် ထူးချွန်သည့်ကျေးရွာများသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်
04/06/19
မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းမှ စီမံကိန်း တတိယနှစ်၏ ဆောင်ရွက်ချက်များအပေါ် ထူးချွန်သည့်ကျေးရွာများသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ပွဲကို ကလောမြို့နယ်၊ လက်ပံပင်(SMU) ခန်းမ၌ ဇွန် ၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ က ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု ကျေးရွာလမ်းများ၌ ဖြစ်ပွားမှုများပြား
04/06/19
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်မတော်တဆ ဖြစ်ပွားမှုများအနက် ကျေးရွာလမ်းများတွင် ၁၁၉ မှုဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၄၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၆၀ ဦးရှိရာ လမ်းများအလိုက် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများတွင် ကျေးရွာလမ်းများ၌ အများဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာနှင့် ဗီယက်နမ် ယူ-၂၂ အသင်း ဇွန် ၇ ရက် ခြေစမ်းပွဲကစားမည်
04/06/19
အကြိမ် (၃၀)မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်းသည် ဇွန် ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပန်ဆိုင်းမြို့တွင် သက်ကြီးရွယ်အိုများကို အထွေထွေရောဂါများ အခမဲ့ကုသပေး
04/06/19
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ ရွှေလီမြို့ သက်ကြီးရွယ်အိုအဖွဲ့(NGO)နှင့် ရွှေလီမြို့၊ ကျင်းချိန့်ဆေးရုံတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီတွင် ပန်ဆိုင်းမြို့၊ ရပ်ကွက်(၄)၊ တရုတ်စာသင်ကျောင်း၌ သက်ကြီးရွယ်အိုများအား အထွေထွေရောဂါများကို အခမဲ့စမ်းသပ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
လမ်းမီးတိုင်များ တင်ဆောင်လာသောကား အထိန်းကြိုးပြတ်ကာ တိုင်များပြုတ်ကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွား
04/06/19
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မကျီးကွင်း ကျေးရွာအုပ်စု ဂရံကျေးရွာအနီးတွင် ဇွန် ၄ ရက် မွန်းလွဲ ၃ နာရီခန့်က ကားပေါ်တင်ဆောင်လာသော လမ်းမီးတိုင်များပြုတ်ကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ မြေစိုက်နံရံကပ်စာစောင် ပြသထားရှိ
04/06/19
ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ မြေစိုက်နံရံကပ်စာစောင်ပြသမှုကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဇွန် ၄ ရက် မွန်းတည့် ၁၂ နာရီက ပြသခဲ့သည်။
ငါ့သရောက်မြို့တွင် မေလအတွင်းက ရွာသွန်းခဲ့သောမိုးဖြင့် စိုက်ပျိုးထားသည့် မြေပဲများဖြစ်ထွန်းလာ
04/06/19
ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်း မေလ ၂၈ ရက် ညပိုင်းက ရွာသွန်းမိုးဖြင့် ငါ့သရောက်မြို့နယ်အတွင်း သုံးလမြေပဲနှင့် ခြောက်လမြေပဲစိုက်ပျိုးခဲ့ရာ မြေပဲပင်ပေါက်များ အပင်ဖြစ်ထွန်းမှု သန်မာထွားကြိုင်းလာခဲ့ရာ အောင်မြင်ဖြစ်ထွန်းလာလျက်ရှိကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောပြချက်အရ သိရသည်။
မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်
04/06/19
မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုန်ရာသီအစ မိုးဦးကာလ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့်အတူ မြစ်ရေ မြင့်တက်လာမည် ဖြစ်သည်။ မြစ်ရေတက်လာမှုပေါ်မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွ