Latest News

နောက်ဆုံးရသတင်းများ

နမ္မတူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

ပြည်တွင်း

05/06/19

ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်-------------

ယနေ့နံနက်ပိုင်း ရွှေဈေးနှုန်း

စီးပွားရေး

05/06/19

ရန်ကုန် ၅ ဇွန်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ၁၀၆၁ဝဝဝ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စမှာ ၁၃၂၆ ဒေါ်လာဖြစ်သည်။ ပြည်တွင်းငွေလဲလှယ်နှုန်းအနေဖြင့် အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေကျပ် ၁၅၂၈ ကျပ် ဖြစ်ကြောင်း သိရသည်။

MDN

ဇွန်- ၈ ရက် စနေနေ့ တွင် ၂၀၁၉-  ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်မည်

ပညာရေး

05/06/19

၂၀၁၉ -  ခုနှစ်၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို    ဇွန်- ၈ ရက်  စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

မကွေး၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး ဖွင့်လှစ်

ပြည်တွင်း

05/06/19

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ)၏ ကြီးကြပ်မှု၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)၏ --------------

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ထားဝယ်မြို့မစခန်း(အချုပ်ခန်း)နှင့် ထားဝယ်အကျဉ်းထောင်ရှိ အချုပ်သား/သူနှင့်အကျဉ်းသား/သူများအား ကြည့်ရှုစစ်ဆေး

ပြည်တွင်း

05/06/19

ထားဝယ် ၅ ဇွန်

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးတင်အောင်သည် တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့မ ရဲစခန်း(အချုပ်ခန်း)ရှိအချုပ်သား/သူနှင့် ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းသား/သူများအား ကြည့်ရှုစစ်ဆေးသည်။

ရှမ်းရွာသစ်မြို့တွင်  ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

ပြည်တွင်း

05/06/19

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နိုင်ငံတော်က မိခင်လောင်းများ အာဟာရဓာတ် ပြည့်ဝစေပြီး အနာဂတ်မျိုးဆက်သစ်ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝစေရန်နှင့် -----------

ပုဇွန်တောင်မြို့နယ်၌ မကူးစက်နိုင်သောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်

ပြည်တွင်း

05/06/19

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီခွဲက မကူးစက်နိုင်သောရောဂါများ ------------

သံဖြူဇရပ်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြည်တွင်း

05/06/19

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

ဖယ်ခုံမြို့နယ်၌ ဘိန်းအစားထိုးသီးနှံ မျိုးစပါးများပေးအပ်

ပြည်တွင်း

05/06/19

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုးသီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၄ ရက်က စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၁ ကျောင်းအား ကျောင်းအဆင့်တိုးမြှင့်

ပြည်တွင်း

05/06/19

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ အခြေခံပညာကျောင်း ၁၁ ကျောင်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး ကျောင်းအဆင့် တိုးမြှင့်လိုက်ကြောင်း သိရသည်။