Latest News
နောက်ဆုံးရသတင်းများ
အနောက်တောင်မုတ်သုံလေဝင်ရောက်သည့် အခြေအနေ
05/06/19
လွန်ခဲ့သော(၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
နောက်(၂)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်
05/06/19
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေသည်။
စိုက်ပျိုးရာသီအစ၌ပင် နှစ်ခါပြန်စိုက်ရ၍ ကျေးရွာအချို့မှ မြေပဲ၊နှမ်းစိုက်တောင်သူများအရှုံးပေါ်
05/06/19
မိုးမျှော်၍ ကြိုတင်ကျဲပက်စိုက်ပျိုးထားသော နှမ်းမျိုးများမှာ မိုးဦးနောက်ကျမှု၊ အပူချိန်ပြင်းထန်မှုများကြောင့် ပျက်စီးသွားခဲ့ရပြီး --------
မိတ္ထီလာတွင် ယခုနှစ်မိုးရာသီကာလ၌ သစ်ပင် ၁၁၉၂၀ဝ ပင် စိုက်ပျိုးသွားမည်
05/06/19
မိတ္ထီလာတွင် ယခုနှစ်မိုးရာသီကာလ၌ လူထုသို့ဖြန့်ဝေမည့် သစ်ပင် ၉၀ဝ၀ဝ အပါအဝင် သစ်ပင် ၁၁၉၂၀ဝ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူးဦးစိုးလွင်သူထံက သိရသည်။
ညောင်ရွှေမြို့၌ စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ
05/06/19
ညောင်ရွှေ ၅ ဇွန်
ညောင်ရွှေမြို့စာချစ်သူများ အဖွဲ့များအဖွဲ့မှ စုစည်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးစာပေပြပွဲ၊ ရှားပါးစာအုပ်၊ သုတ၊ ရသ၊ သင်ထောက်ကူနှင့် စာအုပ်ဈေးရောင်းပွဲတောင်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ညောင်ရွှေမြို့ ဖောင်တော်ဆိုက်လမ်းနှင့် ကျောင်းတော်အရှေ့လမ်းထောင့်၌ ကျင်းပခဲ့သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်
05/06/19
ရွှေကူ ၅ ဇွန်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် ရွှေကူမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်က အမှတ်(၂) ရပ်ကွက်၊ ရန်ကြီးအောင်ရပ်၌ ကျင်းပသည်။
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်
05/06/19
နေပြည်တော် ၅ ဇွန်
မိုးလဝေသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်နှင့် ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်း ဇယားများ ပြည့်စုံမှန်ကန်စွာကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
05/06/19
မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပြည့်စုံမှန်ကန်စွာ ကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို -----------
မလှိုင်မြို့နယ်ရှိ သမိုင်းဝင် ပန်းအိုင်ရွှေမုဌောဘုရား ဗုဒ္ဓပူဇနိယပွဲတော် စည်ကားစွာကျင်းသွားမည်
05/06/19
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်ရှိ သမိုင်းဝင် ပန်းအိုင်ရွှေမုဌောဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပန်းအိုင်ကျေးရွာ ဂေါပကအဖွဲ့ထံမှ သိရသည်။