Latest News
နောက်ဆုံးရသတင်းများ
ဇွန် ၁ ရက်မှစ၍ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချလျက်ရှိပြီး ဝယ်ယူသူများ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်
05/06/19
လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်အပိုပစ္စည်းများ၊ တင်သွင်းရောင်းချသူများအနေဖြင့် ရောင်းချသည့် အရောင်းပြေစာအပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ရောင်းချခြင်းကို ဇွန် ၁ ရက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
05/06/19
နေပြည်တော် ၅ ဇွန်
၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
ချမ်းအေးသာစံမြို့နယ်၊ ချင်းရွှေဟော်၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
05/06/19
မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်း၊ ၂၈ × ၂၉ လမ်းကြားရှိ ပိုးထည်ဆိုင်တွင် မူးယစ်ဆေးဝါးများပါရှိသည့် ကတ္တူပုံး ၁ ပုံးရောက်ရှိနေကြောင်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) နှင့် ဆက်စပ်ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
05/06/19
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) နှင့် ဆက်စပ်ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်နှင့်စပ်လျဉ်း၍ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျီနီဗာမြို့အခြေစိုက် Centre for Civil and Political Rights တို့ ပူးပေါင်းကျင်းပ
05/06/19
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျီနီဗာမြို့အခြေစိုက် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ ဗဟိုဌာန (Centre for Civil and Political Rights-CCPR) တို့ပူးပေါင်း၍ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် (International Covenant on Civil and Political Rights-ICCPR) နှင့်
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား
05/06/19
၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် အာရှပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့ဝင်များအား တွေ့ဆုံ
05/06/19
နေပြည်တော် ၅ ဇွန်
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့ဝင်များအား ယနေ့နံနက် ၁၁ နာရီက အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ နေပြည်တော်တွင် စတင်ကျင်းပ
05/06/19
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ် လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(ဃ)တွင် ကျင်းပသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိခြင်း စာရင်းချုပ်
05/06/19
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ