Latest News

နောက်ဆုံးရသတင်းများ

နတ်မောက်မြို့ မြို့မစည်ပင်သာယာရေးဈေးအတွင်း စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား အသိပညာပေးဆောင်ရွက်

ပြည်တွင်း

26/05/19

နတ်မောက် ၂၆ မေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီခွဲက နတ်မောက် မြို့မစည်ပင်သာယာရေးဈေးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ကျွန်းလှ-သဖန်းဆိပ် ကားလမ်းပေါ်ရှိ တပ်ကုန်းတံတားကြမ်းခင်များ ပြုပြင်ပေးစေလို

ပြည်တွင်း

26/05/19

ကျွန်းလှ ၂၆ မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ကျေးရွာများနှင့် ဆက်သွယ်ရာတွင် အဓိကကျသည့် ကျွန်းလှ-သဖန်းဆိပ် ကားလမ်းပေါ်ရှိ တပ်ကုန်းတံတားကြမ်းခင်းများ ပျက်စီးနေ၍ ပြုပြင်ပေးရန် ဒေသခံပြည်သူများ လိုလားကြောင်း သိရသည်။

မချမ်းဘော့မြို့၌ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲနှင့် မကူးစက်တတ်သော ရောဂါများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြည်တွင်း

26/05/19

မချမ်းဘော့ ၂၆ မေ
 
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့၌ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းနှင့် မကူးစက်တတ်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီချို၊ သွေးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်သည်။

 

မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးသန့်မျိုးပွား စိုက်ပျိုးနိုင်ရေး မျိူးစေ့များ ထောက်ပံ့ပေးအပ်

ပြည်တွင်း

26/05/19

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် တိုင်းဒေသကြီး မျိုးစေ့ပံ့ပိုးခြင်းအစီအစဉ်ဖြင့် မျိုးစေ့ပံ့ပိုးခြင်းကို မြို့သစ်မြို့နယ်ရုံးတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျွန်တော်နှင့် ရခိုင်ရိုးရာကောက်သစ်စားပွဲ

တိုင်းရင်းသား ရေးရာ

26/05/19

ကျွန်တော်သည် ဘူးသီးတောင်မြို့နယ် မြောက်ဘက် ပိုင်းရှိ ပီရွက်ဆိုသော ရွာငယ်လေးတွင် တာဝန်ကျနေ သောကျောင်းဆရာတစ်ယောက် ဖြစ်သည်။ ထိုရွာ၏ ရွာစွန်လေးတွင် ကျောင်းဆရာတို့အတွက် ဆောက်ပေး ထားသော အိမ်ကြီးတစ်ဆောင်ရှိ၏။

ညောင်ရွှေ၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းစက်ဘီးစီးနင်းပွဲကျင်းပ

အားကစား

26/05/19

၂၀၁၉ ခုနှစ် ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုစုပေါင်း စက်ဘီးစီးနင်းခြင်းကို

ပုဇွန်တောင်မြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများအတွင်း အမှိုက်များရှင်းလင်း

ပြည်တွင်း

26/05/19

ပုဇွန်တောင်  ၂၆  မေ

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရွှံ့နွံများ၊ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ ရေမြောင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းလှ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄၅)လုံး အမိုးလန်ပျက်စီး

ပြည်တွင်း

26/05/19

မင်းလှ  ၂၆  မေ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း မေ ၂၅ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများတွင် လူနေအိမ် (၄၅) လုံး အမိုးလန်လုံးပျက်စီးပြီး နေအိမ်တစ်လုံး ပြိုလဲခဲ့ကြောင်း သိရသည်။

 

ယင်းမာပင်၌ ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများ စိုက်ပျိုးထုတ်လုပ်သုံးစွဲနိုင်ရေး အလုပ်ရုံဆွေးနွေး

ပြည်တွင်း

26/05/19

ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများ စိုက်ပျိုးထုတ်လုပ်သုံးစွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို  မေ ၂၄ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ သာယာအေးခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။