Latest News
နောက်ဆုံးရသတင်းများ
မြိတ်မြို့တွင် မျိုးဆက်သစ်လူငယ်များအား အခြေခံဘောလုံးကစားနည်း သင်ကြားပေးလျက်ရှိ
26/05/19
မြိတ် ၂၆ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် အခြေခံဘောလုံးကစားနည်းကို မြိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် မြို့မအားကစားကွင်း၌ သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ မိုးရာသီအမီ ရေပေးနိုင်ရေး ရေလွှတ်မြောင်းများ တည်ဆောက်နေ
26/05/19
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သပြေတောင်းကျေးရွာအုပ်စု၊ ဒိုင်းကောင်းကန်ကွင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(တမံ)က ဆောင်ရွက်နေသည့်
မိတ္ထီလာမြို့နယ်၌ ယာဉ်တစ်စီး တိမ်းမှောက်၊ ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်
26/05/19
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရတနာမာရ်ရပ်ကွက်နယ်မြေ ရန်ကုန်-မန္တလေး ကားလမ်းမ မိုင်တိုင်အမှတ် ၃၃၇/၃ နှင့် ၃၃၇/၄ အကြား ကားလမ်းဘေးသို့ ယနေ့ နံနက် ၆ နာရီခန့်က ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟင်္သာတမြို့ လမ်းပြကြယ်စာပေပြန့်ပွားရေးအဖွဲ့သို့ သုတရသစာအုပ်များ လှူဒါန်း
26/05/19
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟင်္သာတမြို့ လမ်းပြကြယ်စာပေပြန့်ပွားရေးအဖွဲ့သို့ သုတရသစာအုပ်များ လှူဒါန်းပွဲအခမ်းအနားကို မေ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းပေါင်း ၅၁၁ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ
26/05/19
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၅၁၁ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း
ပွင့်ဖြူမြို့နယ်၌ အခြေခံ ရှေးဦးပြုစုနည်း ပညာပေးသင်တန်းဆင်းပွဲ ကျင်းပ
26/05/19
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ကနီကျေးရွာအုပ်စု၊ အရှေ့အင်းကုန်းကျေးရွာ ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် အခြေခံ ရှေးဦးပြုစုနည်း ပညာပေးသင်တန်းဆင်းပွဲကို မေ ၂၆ ရက်၊ ယနေ့ နံနက် ၉ နာရီက အဆိုပါ အရှေ့အင်းကုန်းကျေးရွာရှိ လယ်ပြင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သိမ်းဆည်းခံလယ်ယာမြေများအား ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး ဘားအံမြို့တွင် ဆန္ဒထုတ်ဖော်
26/05/19
ဘားအံ ၂၆ မေ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တောင်ကလေးအကျဉ်းဦးစီးမှ သိမ်းဆည်းထားသော လယ်ယာမြေများအား ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် မေ ၂၆ ရက် နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချူပ်လမ်း၊ အာဇာနည်ကျောက်တိုင်ရှေ့တွင် တောင်သူလယ်သမား (၅၀)ခန့် ငြိမ်းချမ်းစွာ စုဝေး၍ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
မန္တလေးမြို့တွင် ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အထိမ်းအမှတ်နေ့ အခမ်းအနားနှင့် ပညာပေးဟောပြောပွဲကျင်းပ
26/05/19
ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အထိမ်းအမှတ်နေ့ အခမ်းအနားနှင့် ပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး)ရှိ ရတနာပုံခန်းမ၌ မေ ၂၆ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
မန္တလေးစည်ပင်တွင် ဝန်ထမ်းအလုပ်ရမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံသည့် စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦးအား ဝန်ထမ်းမှအဖြစ်မှ ထုတ်ပယ်
26/05/19
မန္တလေးစည်ပင်တွင် ဝန်ထမ်းအလုပ်ရမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံသည့် စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦးအား အခုလ ၂၄ ရက်က ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။