Latest News

နောက်ဆုံးရသတင်းများ

ရေရှားပါးသော အောင်သာယာ ကျေးရွာသို့ မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်း

ပြည်တွင်း

22/05/19

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ရေရှားပါးသော အောင်သာယာ ကျေးရွာသို့  ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်ဦးစီး၍ တပ်ဖွဲ့ဝင် (၇)ဦး၊ ကျီးကန်းပြင်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မောင်ထွေးဦးဆောင်၍ တပ်ဖွဲ့ဝင် (၅)ဦးတို့မှ မီးသတ်ယာဉ် (၂)စီးတို့ဖြင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်း

ပြည်တွင်း

22/05/19

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းရှိ ထာဝရငြိမ်းချမ်းရေး စေတီတော်တည်ထား ကိုးကွယ်ရန်အတွက် ------------

နမ့်ခမ်းမြို့၌ ဖယောင်းတိုင်မီးလဲကျရာမှ စတင်ကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်း

မှုခင်း

22/05/19

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊အမှတ်(၈) ရပ်ကွက်၊ ပေါက်နေရပ်တွင် နေထိုင်သူ ဦးစိုင်းအိုက်ပီး(ခ) စိုင်းဇော်ဇော်လတ်၏ နေအိမ်တွင် ယနေ့ နံနက်(၄) နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။ 

အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

မိုးလေဝသ

22/05/19

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိမြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲပုသိမ်မြို့တွင် ကျင်းပ

ပြည်တွင်း

22/05/19

ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူအတွက် တတိယတစ်နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ဧရာရွှေဝါ ခန်းမ၌ကျင်းပသည်။

သာယာဝတီမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်တွင်း

22/05/19

သာယာဝတီ ၂၂ မေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကျီးကွင်းကျေးရွာအုပ်စု လိပ်အင်းမင်းလမ်းကျေးရွာရှိ အမျိုးသမီးများအတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို မေ ၂၁ ရက်နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

အခြေခံကဗျာစပ်နည်းသင်တန်းဖွင့်လှစ်

ပြည်တွင်း

22/05/19

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အောင်မြေ သာစည် စာချစ်သူများအသင်းတို့ ပူးပေါင်းပြီး ကလေးလူငယ်များအား အခြေခံကဗျာစပ်နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရေစကြိုမြို့ရှိ ထန်းလျက်မှုန့် ထုတ်လုပ်သည့်ကုမ္ပဏီမှ လာမည့်ဇွန်လတွင် ထန်းတောင်သူများထံမှ ထန်းရည်ချိုကို တိုက်ရိုက်ဝယ်ယူတော့မည်

ပြည်တွင်း

22/05/19

ထန်းလျက်မှုန့်ပိုမိုထုတ်လုပ်နိုင်ရန် ထန်းလျက်မှုန့် ထုတ်လုပ်သည့် 555  SHWE HINTHA ကုမ္ပဏီမှ လာမည့်ဇွန်လတွင် ထန်းတောင်သူများထံမှ ထန်းရည်ချိုကို တိုက်ရိုက်ဝယ်ယူတော့မည်ဖြစ်ရာ

ကံမမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၄၈ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း အမိုးလန်ပျက်စီးခြင်းများဖြစ်ပွား

ပြည်တွင်း

22/05/19

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင်  မေ ၂၁ ရက် ညနေက  လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအချို့တွင် လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။ 

အဖတ်များဆုံး သတင်း