Latest News
နောက်ဆုံးရသတင်းများ
ရပ်တန့်ထားသော အာလူးကုန်များတင်ထားသည့်ယာဉ် မီးလောင်မှုဖြစ်ပွား
22/05/19
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့၊ အောင်မင်္ဂလာရပ်ကွက် "ကောင်းသတင်း" ဓါတ်မြေသြဇာဆိုင်အနီးတွင် ယနေ့ နံနက် (၂) နာရီ (၅၅) မိနစ်ခန့်က ရပ်တန့်ထားသော အာလူးများတင်ထားသည့်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စုတွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၁)လုံး ပြိုကျ၊ လူနေအိမ် (၂၁)လုံး အမိုးလန်ပျက်စီး
22/05/19
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စုအတွင်း ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် မေလ ၂၁ ရက် ည ၆ နာရီခွဲက လူနေအိမ် (၃၂) လုံး ပြောင်းရွှေ့ခဲ့ရသည်။
အမျိုးသမီးများတွင် အဖြစ်များသည့် သားအိမ်ခေါင်း ကင်ဆာရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်
22/05/19
မိုင်းပန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကုသရေးဦးစီးဌာနတို့မှ ကြီးမှူးပြုလုပ်သည့် အမျိုးသမီးများတွင် အဖြစ်များသည့် သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာပညာပေး ဟောပြောပွဲကို ယမြန်နေ့ ည ၇ နာရီက မွေတော် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
သီပေါ-ကျောက်မဲ နောင်အန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်
22/05/19
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး၊ သီပေါ၊ လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီး သီပေါမြို့နယ် နောင်အန်းကျေးရွာအနီး မိုင်တိုင် (၁၁၈/၃)တွင် ယနေ့နံနက် ၅ နာရီခွဲက ယာဉ်မောင်း ဝင်းမင်းထိုက် မောင်းနှင်၍ ရန်ကုန်မှ မူဆယ်သို့သွားမည့် ဂျူဗီတာခရီးသည်တင်ယာဉ်အမှတ်…. သည် အရှိန်လွန်ပြီး လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့သည်။
ကျေးရွာ(၆)ရွာ လူဦးရေ နှစ်ထောင်ကျော် အကျိုးပြုတဲ့ ကျေးရွာချင်းဆက် ရွှေတဂူ သစ်သားတံတားကြီး ပျက်စီးနေ၍ အမြန်ပြုပြင်ပေးရန် ဒေသခံပြည်သူများလိုလားနေ
22/05/19
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု အတွင်းရှိ နောင်စကာကျေးရွာနှင့် ရွှေတဂူဘုရားအကြား ဆက်သွယ်ထားသော ---------
ဖလမ်းမြို့နယ် မဏိပူရမြစ်အတွင်း ရေဆင်းကူးရာမှ ကလေးနှစ်ဦး ရေနစ်သေဆုံး
22/05/19
ဖလမ်းမြို့နယ်၊ ကေဟိုင်မွာလ်ကျေးရွာအုပ်စု၊ သွာလ်ဇဲ့ကျေးရွာနေ ကလေးနှစ်ဦးသည် မဏိပူရမြစ်တွင် ရေဆင်းကူးရာမှ ရေစီးနှင့် မျောပါပြီး ရေနစ်သေဆုံးကြောင်းသိရသည်။
အုတ်ဖိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုဖြစ်ပွား
22/05/19
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း မေ ၂၁ ရက် ည ၅ နာရီ ၁၅ မိနစ်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့၏ အရေးပါသော အမွေအနှစ် အဆောက်အအုံများ၏ သမိုင်းပြပွဲကျင်းပ
22/05/19
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ပထမထပ်ရှိ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံးခန်းတွင် ရန်ကုန်မြို့၏ အရေးပါသော အမွေအနှစ် အဆောက်အအုံများ သမိုင်းပြပွဲကို မေ ၂၁ ရက် ညနေ ၆ နာရီကကျင်းပခဲ့သည်။
ပခုက္ကူမြို့ရှိ ကုန်စုံဆိုင်တွင် ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
22/05/19
ပခုက္ကူမြို့ အမှတ်(၇)ရပ်ကွက် (၅)လမ်း ပင်မကုန်စုံဆိုင်တွင် မေလ ၂၁ ရက် ညနေ ၇ နာရီ ၂၀မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသည်။