Latest News
နောက်ဆုံးရသတင်းများ
စဉ့်ကိုင်မြို့နယ်၊ ဆယ်ရွာကျေးရွာအနီး၊ ပီနံအိတ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား
21/05/19
ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၄၀ က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဆယ်ရွာကျေးရွာအနီး၊ ပီနံအိတ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာ၌ (၆)လက်မ အဝီစိ စက်ရေတွင်းနှင့် ဂါလန် (၃၀ဝ၀)ဆံ့ အုတ်ရေကန် တူးဖော်ခြင်း လုပ်ငန်းများပြီးစီး၍ ဒေသခံများ သောက်သုံးရေ အဆင်ပြေတော့မည်
21/05/19
မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာ၌ ဒေသခံများ စုပေါင်း၍ (၆)လက်မ အဝီစိစက်ရေတွင်းနှင့် ဂါလန် (၃၀ဝ၀)ဆံ့ အုတ်ရေကန် တူးဖော်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီး၍ သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်မှ လူဦးရေ သုံးထောင်ကျော် လေဘေးသင့်
21/05/19
မေလ ၂၀ ရက် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်ရှိ ကျေးရွာ(၂၇)ရွာ၌ လူနေအိမ် (၁၄)လုံး ပြိုကျပျက်ဆီးခဲ့ပြီ--------
ပခုက္ကူမြို့၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်လှစ်
21/05/19
စိုက်ပျိုးရေးဦးစီးဌာန၊ သွင်းအားစုရောင်းချသူများနှင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ များအဖွဲ့တို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းကို ယနေ့ နံနက် ၈နာရီက ပခုက္ကူမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။
ကျောက်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခတ်မှုတို့ကြောင့် နေအိမ်(၁၅၅)လုံး အမိုးလန် ပျက်စီးကာ လူနှစ်ဦးသေဆုံး
21/05/19
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် မေ ၂၀ ရက် ညနေ ၅ နာရီခွဲခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခတ်ခဲ့မှုတို့ ကြောင့် နေအိမ်(၁၅၅)လုံး အမိုးလန်ပျက်စီးကာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်ရှိ ကျေးရွာ(၂၉)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများရှိခဲ့
21/05/19
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြိုနယ်၏ အရှေ့ဘက်ပိုင်းရှိ ကျေးရွာ(၂၉)ရွာတို့တွင် မေ ၂၀ ရက် ညနေ (၆)နာရီခွဲမှ စတင်၍လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါကျေးရွာများအတွင်းရှိ နေအိမ် (၁၁၆)လုံး၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် အလယ်တန်းကျောင်း(၁)ကျောင်း အမိုးလန်ခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မန္တလေးမြို့တွင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
21/05/19
IOM မှ ဦးဆောင်ကျင်းပသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို မန္တလေးမြို့၊ ဆာကူယာဟိုတယ်ရှိ Cherry ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
တီးတိန်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ထိုးကျ ယာဉ်ပေါ်လိုက်ပါသူ အားလုံးသေဆုံး
21/05/19
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာအနီး တီးတိန် - ရိဒ်သွား ကားလမ်း မိုင်တိုင် (၇/၁)နှင့် (၇/၂)အကြားတွင် မေ ၂၀ ရက် နံနက် ၅ နာရီခန့်က မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်အတွင်း တရားမဝင်ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များပညာပေးကာလကျော်လွန်လျှင် ဖမ်းဆီးအရေးယူသွားမည်
21/05/19
မလှိုင်မြို့နယ်အတွင်း တရားမဝင်ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များကို ရေနံနှင့် ရေနံထွက်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ထီးလင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်
21/05/19
ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ (၂၂)မိနစ်၊ (၄၄)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၄) မိုင် ခန့်ကွာဝေးသော (ထီးလင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၇) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၇၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၃) ဒီဂရီ၊ အနက် (၆၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။