Latest News

နောက်ဆုံးရသတင်းများ

သရက်သီးများ GAP အသိအမှတ်ပြု လက်မှတ်ရနေသော်လည်း ဈေးကွက်တွင် ဈေးကောင်းမရ

စီးပွားရေး

21/05/19

GAP အသိအမှတ်ပြုလက်မှတ်ရ သရက်သီးများ ဈေးကွက်တွင် အခြားသရက်သီးဈေးနှုန်းများ အတိုင်းသာ ရရှိနေကြောင်း GAP အသိအမှတ်ပြု လက်မှတ်ရ တောင်သူများ၏ပြောကြားချက်များအရ သိရသည်။

တွန်းဇံမြို့၌ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ ကျင်းပ

ပြည်တွင်း

21/05/19

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို တွန်းဇံမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပ

ပြည်တွင်း

21/05/19

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပသည်။

မင်းတုန်းမြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၄၀ ကျော်ပျက်စီး

ပြည်တွင်း

21/05/19

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မေ ၂၀ ရက်နေ့ ညနေက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၄၀ ကျော် ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ပိန်းဇလုပ်မြို့တွင် လမ်းကြိတ်စက် လမ်းဘေးထိုးကျကာ မောင်းနှင်သူသေဆုံး

မှုခင်း

21/05/19

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ မြို့မ(၁)ရပ်ကွက် ပိန်းဇလုပ်တိုက်နယ် ဆေးရုံရှေ့တွင် မေ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်က လမ်းကြိတ်စက် လမ်းဘေးထိုးကျကာ မောင်းနှင်သူပိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းကြိုးကြာငှက်ထိန်းသိမ်းရေးသုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိ

ပြည်တွင်း

21/05/19

မြန်မာနိုင်ငံ၌ကျန်ရှိနေသည့် ကြိုးကြာငှက်များ မျိုးသုန်းပျောက်ကွယ်မှု မရှိစေရန် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြိုးကြာငှက်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများကို သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ သစ်တောဦးစီးဌာန၊သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ဝန်ထမ်းများ၊ အဆိုပါ တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံဆက်စပ်အဖွဲ့အစည်းများ ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ငှက်ပညာရှင် ဦးသက်ဇော်နိုင်ထံမှ သိရသည်။

တမူးမြို့နယ်တွင် လယ်ယာမြေဧက ၅၀ဝ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်မှု ပြီးစီးတော့မည်

ပြည်တွင်း

21/05/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေတောင်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်ဖောက်လုပ်ပေးခဲ့သော တီးတိန်ယံ ကျေးရွာ ကုန်ထုတ်လမ်း အား ယခုနှစ် မတ်လက စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းအထိပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

နမ္မတူမြို့နယ်၌  တိုက်ပွဲရှောင် အမျိုးသမီးများ၏ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

ပြည်တွင်း

21/05/19

USAID အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် MIGS အဖွဲ့မှ တိုက်ပွဲရှောင် အမျိုးသမီးများ၏ စွမ်းရည်မြှင့် သင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာ တိုက်ပွဲရှောင်စခန်း၌ ယမန်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နောင်ကုလားကျေးရွာ၌ တိုင်းရင်းသားလူမျိုးများဆိုင်ရာ အခွင့်အရေး ဆွေးနွေးပွဲ ကျင်းပ 

တိုင်းရင်းသား ရေးရာ

21/05/19

မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားကျေးရွာ အလယ်ရွာတိုက်ကျောင်း၌ ယနေ့ နံနက်ပိုင်းက ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားအခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက လာရောက်၍ တိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကာကွယ်ဆောင်ရွက်ပေးရန်အတွက် ပညာပေးဟောပြောခြင်း၊ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်း အစီအစဉ်များကို ကျင်းပသည် ။

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် 

မိုးလေဝသ

21/05/19

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

အဖတ်များဆုံး သတင်း