Latest News
နောက်ဆုံးရသတင်းများ
ငမြှောင်တောင် ဖျက်ပိုးကာကွယ်နှိမ်နင်းရေး၊ မြေအသုံးချမှု၊ မျိုးစေ့သိုလှောင်ရေးနှင့် ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ရိခေါ်ဒါရ်၌ ကျင်းပ
21/05/19
ချင်းပြည်နယ်၊ ဖလမ်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ငမြှောင်တောင် ဖျက်ပိုးကာကွယ် နှိမ်နင်းရေး၊ မြေအသုံးချမှု၊ မျိုးစေ့သိုလှောင်ရေးနှင့် ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေး ပွဲကို မေ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကြို့ပင်ကောက်မြို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား နေအိမ် ၆၀ဝ ကျော်ပျက်စီး
21/05/19
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေလ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန်က (၄)ကြိမ်မြောက် လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ ရပ်ကွက် (၂)ခု၊ ကျေးရွာအုပ်စု ၂၀ မှ ပြိုလဲအိမ် (၆၂)လုံး၊ နေအိမ် (၅၇၃)လုံး၊ ဆေးပေးခန်း ၁ ခု၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၆၃၅)စုမှ လေဘေးသင့်ပြည်သူ(၂၁၉၉)ဦး လေးဘေးဒုက္ခခံစားနေရကြောင်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြောက်ဦးမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်း လေးခုသို့ ဆန်ရိက္ခာများသွားရောက် ထောက်ပံ့ပေးအပ်
21/05/19
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံရောက်ရှိနေသောပြည်သူများကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ စခန်းများရှိရာသို့ သွားရောက်ပြီး စခန်းတာဝန်ခံများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။