Latest News

နောက်ဆုံးရသတင်းများ

လက်ပံတန်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ ပျက်စီးမှုအတွက် ထောက်ပံ့

ပြည်တွင်း

21/05/19

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ပံတန်းမြို့နယ်အတွင်း မေလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် လေပြင်းတိုက်ခတ်ခံခဲ့ရသော ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

ပြည်တွင်း

21/05/19

နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မှုခင်း

21/05/19

ယနေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ လမ်း၈၀၊ (၈x၉)လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၁၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကနဦးသတင်း သိရပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်

မိုးလေဝသ

21/05/19

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

မိတ္ထီလာတွင် မျက်စိဝေဒနာရှင်များအား မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်းဥက္ကဋ္ဌနှင့် မျက်စိအထူးကု ဆရာဝန်များက အခမဲ့ခွဲစိတ်ကုသပေး

ပြည်တွင်း

21/05/19

မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာအနီးရှိ ထီလာဦး မျက်စိအထူးကုဆေးရုံတွင် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ ရမည်သင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ နတ်မောက် ဒေသများမှ မျက်စိဝေဒနာရှင်များအား မေ ၂ဝ မှ ၂၁ အထိ မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်း ဥက္ကဋ္ဌနှင့် မျက်စိအထူးကုဆရာဝန်များက အခမဲ့ခွဲစိတ်ကုသပေး ဆောင်ရွက်ပေးကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် မသန်စွမ်းသူများအတွက် ဝှီးချဲများပေးအပ်

ပြည်တွင်း

21/05/19

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI) မီလီ၊ နေပြည်တော်ရုံးခွဲ၊ အုပ်တွင်းရုံးခွဲနှင့် ထိုင်းနိုင်ငံအခြေစိုက်(BCMF)တို့မှ ပူးပေါင်း၍ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မသန်စွမ်းသူများအတွက် သုံးဘီးဝှီးချဲများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၂၀ ရက် နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့၌ တောင်သူများ ချေးငွေထုတ်ချေးရာတွင် အဆင်ပြေစေရေး သင်တန်းဖွင့်လှစ်

ပြည်တွင်း

21/05/19

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာစီးပွားရေးဘဏ် ရှမ်းပြည်နယ် ဘဏ်ခွဲ(၂)၊ လားရှိုးမြို့၌ JICA Consultant Teamမှ JICA TSL Credit Appraisal On Job Training သင်တန်းကို ယနေ့ နံနက်ပိုင်းက စတင်ပို့ချခဲ့ကြောင်း သိရသည်။

စက်မှုလယ်ယာဦးစီးဌာနမှ ဖော်ထုတ်ပြီးစီးသွားသော စနစ်တကျလယ်မြေ (၁၅၀) ဧကအား တောင်သူများမှ လွှဲပြောင်းလက်ခံပွဲ ကျင်းပ

ပြည်တွင်း

21/05/19

၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော စနစ်တကျ လယ်မြေဧက  (၁၅၀) အား --------

သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသော  တောင်ဖီလာကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်း

ပြည်တွင်း

21/05/19

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော တောင်ဖီလာကျေးရွာသို့ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

နေပြည်တော် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်တားဆီး ကာကွယ်ရေး စစ်ဆေးရေးအဖွဲ့ ရေလုံဆေးသုတ်ဝန်ဆောင်မှု လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ပြည်တွင်း

21/05/19

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်တားဆီး ကာကွယ်ရေး စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ကို ဦးဆောင်၍ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် ပုဗ္ဗသီရီ မြို့နယ်အတွင်းရှိ ရေလုံဆေးသုတ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်မည့် Superb Stellar Myanmar ကုမ္မဏီမှ ဓာတုပစ္စည်းများအား သိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် လက်ဝယ်ထားရှိခြင်းတို့အတွက် လုပ်ငန်းလိုင်စင်လျှောက်ထားလာမှုနှင့် ပတ်သက်၍ အဆိုပါလုပ်ငန်း တည်နေရာသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဖတ်များဆုံး သတင်း