Latest News

နောက်ဆုံးရသတင်းများ

ခင်ဦးမြို့ရှိ သောက်ရေသန့် ထုတ်လုပ်သည့် စက်ရုံ(၂)ရုံအား သန့်ရှင်းမှုရှိ၊မရှိ ရှောင်တခင်စစ်ဆေး

ပြည်တွင်း

15/05/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် သောက်ရေသန့် ထုတ်လုပ်သည့် စက်ရုံ (၂) ရုံအား သန့်ရှင်းမှု ရှိ၊ မရှိကို ----------

ဇီးကုန်းမြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာလေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံများ အမိုးလန်ပျက်ဆီး

ပြည်တွင်း

15/05/19

ယမန်နေ့ညနေ ၆နာရီခွဲက မိုးရွာသွန်းချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဘုရားပျိုကျေးရွာအုပ်စု တမံကြီးကျေးရွာတွင် နေအိမ်(၁၅)လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် အ.မ.က စာသင်ကျောင်းတစ်ကျောင်း၊ ရေတာရှည်ကျေးရွာတွင်နေအိမ်(၆)လုံး၊ ဒေါကျော်ကျေးရွာတွင် နေအိမ်(၃)လုံးနှင့် ကြက်မွေးမြူရေးခြံ တစ်ခြံ၊ သက္ကယ်ကျင်း ကျေးရွာတွင်နေအိမ်(၃)လုံး၊ စုစုပေါင်းနေအိမ်(၂၇)လုံး ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းနှင့် ကြက်မွေးမြူရေးခြံတစ်ခြံတို့တွင် အမိုးများလန် ပျက်ဆီးခဲ့ကြောင်း သိရသည်။

ရှားတောမြို့နယ်၊ ဒေါကလော်လဲကျေးရွာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြော 

ပြည်တွင်း

15/05/19

ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနသည် လူတိုင်းသက်တမ်းစေ့နေထိုင် နိုင်ရန်နှင့် ရောဂါဘယကင်းရှင်းရန် ရည်ရွယ်၍ မြို့နယ်ဆရာဝန် ဒေါက်တာနေအောင်ဝင်း၊ သွားဘက် ဆိုင်ရာဆရာဝန် ဒေါက်တာလှိုင်ထွန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများသည် ရှားတောမြို့နယ်၊ ဒေါက လော်လဲကျေးရွာ ခန်းမဆောင်တွင် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို မေလ ၁၃ ရက်က ဆောင်ရွက်ခဲ့သည်။ 

ပဲခူးမြို့တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်း ဖွင့်ပွဲ ကျင်းပ

ပြည်တွင်း

15/05/19

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးကြပ်၍ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ သင်တန်းအမှတ်စဉ်(၁/၂၀၁၉)ကို မေ ၁၃ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ Famous Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

၂၀၁၉ခုနှစ်၊ ဧပြီလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၀ဝ၀ဝ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၂၄၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့

ပြည်တွင်း

15/05/19

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍-----------

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များအား ကွင်းဆင်းကြည့်ရှု

ပြည်တွင်း

15/05/19

ရေတာရှည်မြို့နယ်အတွင်း မေ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၊ ယိုင်နဲ့နေအိမ်များသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေး- နောင်ချိုလမ်း(ဂုတ်တွင်းလမ်းပိုင်း)တွင် ယာဉ်တစ်စီး မြောင်းအတွင်း ထိုးကျတိမ်းမှောက်

မှုခင်း

15/05/19

ရှမ်းပြည်နယ် နောင်ချိုမြို့ မန္တလေး- နောင်ချိုလမ်း၊ ပြည်ထောင်စုလမ်းမကြီး (ဂုတ်တွင်းလမ်းပိုင်း)၊ မိုင်တိုင်အမှတ်(၇၉/၄)တွင် လမ်းဘေးမြောင်းအတွင်းသို့ ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကနဦးသတင်းသိရသည်။

၂၀၁၇ ခုနှစ်က သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နွေစပါးစိုက်ခင်းများအတွက် တောင်သူများအား သီးနှံထောက်ပံ့ကြေးငွေ ပံ့ပိုးပေးအပ်

ပြည်တွင်း

15/05/19

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျွဲတိကျေးရွာတွင် ၂၀၁၇ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်----------

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် 

မိုးလေဝသ

15/05/19

ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး  ဘင်္ဂလားပင်လယ်အော် တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

တောင်တွင်းကြီးမြို့နယ် ဝါးခြမ်းကာကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

ပြည်တွင်း

15/05/19

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မေ(၁၄)ရက်ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ---------------

အဖတ်များဆုံး သတင်း