Latest News

နောက်ဆုံးရသတင်းများ

ပေါက်ခေါင်းမြို့၌  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်မည်

ပြည်တွင်း

15/05/19

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ မြို့မစာကြည့်တိုက်နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း(ပေါက်ခေါင်းမြို့) တို့မှ ဦးဆောင်ကျင်းပသည့် ---------------

မင်းဘူးမြို့နယ် ကျေးရွာခုနှစ်ရွာ၌ ပြည်သူ၊ ကျေးလက်နှင့် ယူနီဆက်တို့ ပူးပေါင်း၍ သောက်သုံးရေရရှိရေး ဆောင်ရွက်မည်

ပြည်တွင်း

15/05/19

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာ ၇ ရွာ၌ ပြည်သူ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ယူနီဆက် ပူးပေါင်း၍ အိမ်တိုင်ရာရောက်သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

စကျင်ဗုဒ္ဓရုပ်ပွားတော်များ ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်များ တပ်ကုန်းမြို့မှ လယ်ဝေးမြို့သို့  ဒေသစာရီ ကြွချီတော်မှု

ပြည်တွင်း

15/05/19

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း၊ကံ့ကော်ပန်းအဝိုင်း အနီး ရန်အောင်မြင်ကုန်းတော်ပေါ် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များသည်  မေ ၁၄ ရက်နေ့က တောင်ငူမြို့မှ တပ်ကုန်းမြို့သို့ ဒေသစာရီ ကြွချီလာခဲ့သည်။         

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျေးရွာတောင်သူများအတွက် မြေချဉ်ပြုပြင်ဆေးရည် အခမဲ့လှူဒါန်းပွဲ တက်ရောက်

ပြည်တွင်း

15/05/19

ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာ ဓမ္မာရုံ၌ ဒေသခံတောင်သူများအတွက် မြေချဉ်ပြုပြင်ဆေးရည် အခမဲ့လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အစမှ ယနေ့ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ခုနှင့်  နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၀ ခု ခွင့်ပြုပေးခဲ့

ပြည်တွင်း

15/05/19

ကရင်ပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အစမှ ယနေ့ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ခု ၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅၄ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၀ ခုမှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၃၆၂၈၂ ဒသမ ၅၇ သန်းတို့ကို အတည်ပြု ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၀ဝ၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။ 

ချင်းပြည်နယ်ဝန်ကြီးချုပ် ခေါဒါရ် ကျောင်းအဆင့်တိုးမြှင့်ဖွင့်ပွဲသို့တက်ရာက် 

ပြည်တွင်း

15/05/19

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် မေ ၁၃ ရက် ညနေပိုင်းက ခေါဒါရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲကို တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့၌  တိရစ္ဆာန်အာဟာရဗေဒသင်တန်း ဖွင့်လှစ်

ပြည်တွင်း

15/05/19

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်နှင့် ပတ်သက်သော မွေးမြူရေးအာဟာရဗေဒဆိုင်ရာ နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ---------------

ရွှေလောင်းမြစ်ကူး ဇက်ရေယာဉ်ပေါ်သို့တက်စဉ် ရေယာဉ်ခြေနင်းပြားထိန်းကြိုးပြတ်တောက်မှုကြောင့် မော်တော်ယဉ်တစ်စီး ရေနစ်မြုပ်မှုဖြစ်ပွား တစ်ဦးသေဆုံး

မှုခင်း

15/05/19

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာ ဇက်ဆိပ်ကမ်း၌ မေ ၁၄ ရက် နံနက် ၉ နာရီခွဲက ရွှေလောင်းမြစ်ကူး ဇက်ရေယာဉ်ပေါ်သို့တက်စဉ် --------------

လျှပ်စစ်မဂ္ဂါဝပ် ၂၆၀ကျော်ထုတ်လုပ်နိုင်မည့် မကွေးတိုင်း လေအားလျှပ်စစ်လုပ်ငန်း ၂၀၂၀ နှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန်မျှော်မှန်းထား

ပြည်တွင်း

15/05/19

မကွေးတိုင်းဒေသကြီးအတွင်း မင်းလှ၊ မင်းတုန်းနှင့် ချောက်မြို့နယ်များတွင် လုပ်ဆောင်ရန် လျာထားသည့် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းမှ လျှပ်စစ်မဂ္ဂါဝပ် ၂၆၀ ကျော်ရရှိမည်ဟု ----------

အဖတ်များဆုံး သတင်း