Latest News

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် တရားမဝင်သစ်မျိုးစုံ ၈ တန်ကျော်နှင့် သစ်ခွဲစက် ဖမ်းဆီးရရှိ

ပြည်တွင်း

08/05/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း တရားမဝင်သစ်များ ခုတ်လှဲခြင်း သယ်ဆောင်ခြင်း လုပ်ငန်းများကို တားဆီးကာကွယ် ဖော်ထုတ်ဖမ်းဆီးရမိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ မေ ၇ ရက်က သစ်ခွဲစက်နှင့် တရားမဝင်သစ်မျိုးစုံ ၈ တန်ကျော်ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

08/05/19

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

ပြည်တွင်း

08/05/19

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက (၁၅၀) အား မူလပိုင်ရှင်တောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်

ပြည်တွင်း

08/05/19

လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းကာ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် သီးထပ်သီးညှပ်များ ပိုမိုစိုက်ပျိုးရန် ရည်ရွယ်လျက် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက (၁၅ဝ) အား မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ဧပြီ ၇ ရက် နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကန်ဖျားကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဖန်ခါးပင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ပြည်တွင်း

08/05/19

ပဲခူးတိုင်းဒေသကြီး ပန်းတောင်မြို့နယ် ရဲတပ်ဖွဲ့မှ သောက်သုံးရေပြတ်လတ်လျှက်ရှိသော ရွာသာယာ ကျေးရွာအုပ်စု ဖန်ခါးပင်ကျေးရွာသို့ မေ ၇ ရက်တွင် သောက်ရေသန့်ဘူးကြီးများ သွားရောက်လှူဒါန်းခဲ့သည်။

သာစည်မြို့၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်

ပြည်တွင်း

08/05/19

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်ပွဲကို မေ ၇ ရက်က အင်းကုန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်မြို့၌ တီဘီရောဂါဆိုင်ရာ ကွင်းဆင်းရှာဖွေကုသ

ပြည်တွင်း

08/05/19

ကရင်ပြည်နယ်  သံတောင်မြို့တွင်  တီဘီရောဂါဝေဒနာရှင်များ ရှာဖွေဖော်ထုတ်ခြင်း အစီအစဉ်ကို  မေ ၇ ရက်က သံတောင်မြို့ ပသိခန်းမ၌ ဆေးကုသရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ပင်းတယမြို့၌ မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး

ပြည်တွင်း

08/05/19

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ပင်းတယမြို့ မြန်မာ့လယ်ယာဖွံ့ဖြိးရေးဘဏ်မှ ပင်းတယမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် တောင်သူများအတွက် မိုးရာသီသီးနှံများကို မေ ၆ ရက်မှ စတင်ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

ကသာမြို့၌ ဒေသထွက် လိုင်ချီးသီးများ စတင်ရောင်းချလျက်ရှိ

စီးပွားရေး

08/05/19

ကသာ   ၈  မေ


ကသာမြို့နယ်၌ ဒေသထွက် သီးနှံတစ်ခုဖြစ်သော လိုင်ချီးသီးများကို ကသာမြို့ သီရိခေမာဈေး၊ ပတ္တမြားဈေးတို့တွင် စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

111

 

အဖတ်များဆုံး သတင်း