Latest News
နောက်ဆုံးရသတင်းများ
မိတ္ထီလာမြို့နယ်၌ ချည်မျှင်ရှည်ဝါ ဧက (၅၀)ကျော် စိုက်ပျိုးသွားမည်
08/05/19
မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာ၌ ချည်မျှင်ရှည်ဝါ ဧက (၅၀)ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငမြှောင်တောင်ပိုး (FAW)ကျရောက်မှု ဟောပြောပွဲနှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေး
08/05/19
ငမြှောင်တာင်ပိုး (FAW)ကျရောက်မှုနှင့် ပက်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အပူဒဏ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို မေ ၇ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ကော့သောင်းနယ်စပ်ဂိတ်တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၈၇ ဦး ပြန်လည်လက်ခံ
08/05/19
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၆ ဦး အပါအဝင် အလုပ်သမား ၈၇ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသို့ ရေလမ်းခရီးဖြင့် မေ ၇ ရက် ညနေပိုင်းက ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
စက်တော်ရာကျောင်းတိုက် တရားရိပ်သာ တစ်ပါးကျောင်းဆောင် ဆောက်လုပ်နိုင်ရေး အလှူငွေပေးအပ်လှူဒါန်း
08/05/19
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာ စက်တော်ရာကျောင်းတိုက်တွင် တရားရိပ်သာ တစ်ပါးကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်နိုင်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၇ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်ရှိ သောက်သုံးရေ အခက်အခဲဖြစ်သည့် ရပ်ကွက်များသို့ ရေများဖြန့်ဝေပေး
08/05/19
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်ရှိ သောက်သုံးရေ အခက်အခဲဖြစ်နေသည့် (၂၈)လမ်း (၅၄) လမ်းနှင့် (၅၇)လမ်းကြားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ရေများဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျုတာသင်တန်း(၁/၂၀၁၉)ဖွင့်
08/05/19
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျုတာသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့ အောင်သစ္စာရပ်ကွက်တွင် လူနေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွား
08/05/19
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အောင်သစ္စာရပ်ကွက်၌ ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် လေးလုံး၊ ဂိုထောင်တစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း -----------