Latest News
နောက်ဆုံးရသတင်းများ
ချောင်းဆုံအနောက် မြို့မဈေးအမှတ်(၁)ဈေးအား အဆောက်အဦ အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်
06/05/19
မွန်ပြည်နယ်၊ ချောင်းဆုံမြို့ရှိ အိုမင်းဟောင်းနွမ်းနေသည့် မြို့မအမှတ်(၁)ဈေးအား မြို့အင်္ဂါရပ်နှင့်အညီ အဆောက်အဦသစ် ပြန်လည်ဆောက်လုပ်ခြင်းအား မြို့နယ်စည်ပင်သာယာရေး ဘတ်ဂျက်ဖြင့် တင်ဒါအောင် ဇဗ္ဗူအောင်ကုမ္ပဏီမှ ၂၀၁၉ ခုနှစ် မေလအတွင်း ဈေးဆိုင်ခန်း အဆောက်အဦအသစ် ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျုံပျော်မြို့နယ် ရှမ်းစု-မိုးကြိုးပစ်လမ်းပေါ်ရှိ ကျုံကဒွန်းတံတားပေါ် ဝန်တင်ကျောက်ကား ဖြတ်သန်းမောင်းနှင်စဉ် ကျိုးကျ
06/05/19
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ရှမ်းစု-မိုးကြိုးပစ်လမ်းပေါ်ရှိ ကျုံကဒွန်းတံတားပေါ် မေ ၅ ရက် နေ့လယ်ပိုင်းက ဝန်တင်ကျောက်ကား ဖြတ်သန်းမောင်းနှင်စဉ် ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်ရှိ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းခွင်သို့ နေပြည်တော်ကောင်စီဝင် ကွင်းဆင်းစစ်ဆေး
06/05/19
နေပြည်တော် ၆ မေ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော စနစ်ကျလယ်ယာမြေ (၃၄၆)ဧက ဖော်ဆောင်နေသည့် လုပ်ငန်းခွင်နှင့် ပေါင်းလောင်းရေလွှဲဆည်မှ ရေပေးဝေမှု အခြေအနေများကို နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် မေ ၅ ရက်က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ရိခေါ်ဒါရ်၌ ပြုလုပ်
06/05/19
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၏ စီစဉ်မှုဖြင့် အစားအသောက်နှင့် စားသုံးသူရေးရာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို
မိတ္ထီလာမြို့နယ်၌ လျှပ်စစ်မီးလင်းရန် ကျန်ရှိသည့် ကျေးရွာ (၂၁၀)အနက် ကျေးရွာ (၁၅၀)လျှပ်စစ်မီးလင်းနိုင်ရေး ယခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
06/05/19
မိတ္ထီလာမြို့နယ်၌ လျှပ်စစ်မီးလင်းရန် ကျန်ရှိသည့်ကျေးရွာ (၂၁၀) အနက် ကျေးရွာ (၁၅၀) လျှပ်စစ်မီးလင်းနိုင်ရေး ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မောင်တောမြို့တွင် အရန်သားဖွားဆရာမ သင်တန်းဆင်းပွဲကျင်းပ
06/05/19
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဂျာမနီနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေအထောက်အပံ့ဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့် မာလ်တေဆာ အင်တာနေရှင်နယ်မှ ပူးပေါင်းဖွင့်လှစ်ပေးခဲ့သည့် အရန်သားဖွားဆရာမ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တတိယအကြိမ်မြောက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံ(သင်တန်း) ဘားအံမြို့တွင်ဖွင့်
06/05/19
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ(သင်တန်း) အမှတ်စဉ်(၄၄) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ကရင်ပြည်နယ် ဘားအံမြို့ သီရိဘားအံဟိုတယ်တွင် ကျင်းပသည်။
မြင်းခြံမြို့တွင် လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက် မိတ်ဆက်ရှင်းလင်း
06/05/19
လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက် မျှဝေမိတ်ဆက်ခြင်း အခမ်းအနားကို မေ ၅ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မဏိကဉ္စနာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် အပူဒဏ်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ပညာပေးဆွေးနွေး
06/05/19
အပူဒဏ်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု ဒီးမော့ဆိုတွင် ဆောင်ရွက်လျက်ရှိ
06/05/19
၂၀၁၉ ခုနှစ် မေ ၆ ရက်မှ ၁၂ ရက်ထိ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့မဈေး၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။