Latest News
နောက်ဆုံးရသတင်းများ
ဒေးဒရဲမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်
06/05/19
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ အမှတ်(၂)ရပ်ကွက်၊ ရုံးကြီးကွက်သစ်အတွင်းရှိ ပြည်သူများ သန့်ရှင်းသောရေ အသုံးပြုနိုင်ရေး၊ မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေဆိုးများကြောင့် ခြင်များပေါက်ဖွားမှု လျော့နည်းစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းအား ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင် ကျောက်စိမ်းအရိုင်းတုံး (၁၉၃)တုံး အလေးချိန် (၁၀၄၃)ကီလိုဂရမ် ဖမ်းဆီးရမိ
06/05/19
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်ခင်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် FORLAND ယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး (၁၉၃)တုံး အလေးချိန်(၁၀၄၃) ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့ မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသစ်နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ
06/05/19
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မယ်စဲ့မြို့၊ မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသစ်နှင့် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲအခမ်းအနားကို
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
06/05/19
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
မင်းလှ၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၂၅)လုံးပြိုကျခဲ့ပြီး (၁၆၇)လုံး ပျက်စီးဆုံးရှုံး
06/05/19
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း မေ ၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများတွင် လူနေအိမ် (၂၅)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၆၇)လုံး အမိုးလန် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာချီလိတ်၌ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ဓားပြတိုက်မှုတွင် ပါဝင်သူတစ်ဦးကို ထပ်မံဖမ်းဆီးရမိ
06/05/19
တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို ဓားပြတိုက်ရာတွင် ပါဝင်သူ ခြောက်ဦးထဲက ဒုတိယမြောက်တစ်ဦးကို မေ ၄ ရက် နေ့လယ်ပိုင်းက ဝမ်ပုံကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။
အမှတ်(၆) စက်မှုသင်တန်းကျောင်း အမှတ်စဉ်(၆) သင်တန်းဖွင့်လှစ်
06/05/19
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာအနီးတွင် တည်ရှိသည့် အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲကို ကျောင်းခန်းမတွင် မေ ၆ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်တွင်းမှာ ကျွဲ၊ နွားဈေးကွက်ဖြစ်ပေါ်စေဖို့ အရောင်းအဝယ်စင်တာတွေ ထားရှိဖို့လို
06/05/19
တရုတ်ကိုတင်ပို့ရောင်းချသည့် ကျွဲ၊ နွားဈေးကွက်ကို ပြည်တွင်းတွင် ဈေးကွက်ဖြစ်ပေါ်စေရန် ရောင်းဝယ်ရေးစင်တာများ ထားရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁)ဒေါက်တာကျော်ထင် က ပြောသည်။
ကျောက်တင်ကား အရှိန်လွန်ဘရိတ်ပေါက်၍ နေအိမ်သို့ဝင်တိုက်
06/05/19
ရှမ်းပြည်နယ် (မြောက်မိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် မူဆယ်မောင်းတံအထွက် အထက်တုန်ခန်ကျေးရွာအနီးတွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ကျောက်တင်ကားတစ်စီး အရှိန်လွန် ဘရိတ်ပေါက်၍ နေအိမ်တစ်လုံးအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် ဇီးဖြူပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၀ဝ ဖြင့် တည်ဆောက်သော ကျေးရွာတွင်း ကွန်ကရစ်တံတား သုံးစင်းဖွင့်
06/05/19
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဇီးဖြူပင်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀ဝ ဖြင့် တည်ဆောက်သော ကျေးရွာတွင်း ကွန်ကရစ်တံတား သုံးစင်းဖွင့်ပွဲကို မေ ၅ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာတွင်း ကွန်ကရစ်တံတားမုခ်ဦး၌ ကျင်းပသည်။