Latest News
နောက်ဆုံးရသတင်းများ
ပွင့်ဖြူမြို့နယ်၌ အော်ဂဲနစ် စိုက်ပျိုးရေးနည်းပညာဖြင့် နွေနှမ်းသီးနှံ ၁၂၅ ဧက စမ်းသပ်စိုက်ပျိုး ဆောင်ရွက်ထားရှိ
24/04/19
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ယခု ၂၀၁၈-၂၀၁၉ ခုနှစ် ၊ နွေသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ တောင်သူများ ဈေးကွက်ပိုမိုရရှိစေရန်အတွက် ရည်ရွယ်၍ အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာဖြင့် နွေနှမ်းသီးနှံ ၁၂၅ ဧက စမ်းသပ်စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်ထံမှ သိရသည်။
ဒလမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နွေရာသီအတွင်း သောက်သုံးရေကန်များ ခန်းခြောက်မှု ဖြစ်ပေါ်
24/04/19
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ နှစ်စဉ် တပေါင်း၊ တန်ခူး နွေရာသီကာလသို့ရောက်ရှိလျှင် မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် သောက်သုံးရေကန်များ ခန်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး သောက်သုံးရေ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း သိရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
24/04/19
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မလှိုင်မြို့ မြေစာရင်းရုံးအနီးတွင် ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လျှပ်စစ်မီးတိုင်အား ဝင်တိုက်မိ
24/04/19
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက်၌ ယမန်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လျှပ်စစ်မီးတိုင်အားတိုက်မိရာ ထက်ပိုင်းကြိုးပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လူနှင့်တိရစ္ဆာန် အန္တရာယ်ကင်းဝေးရေး
24/04/19
လူမှုဘဝပတ်ဝန်းကျင်တွင် ရပ်တည်ရှင်သန်နေသော သတ္တဝါများတွင်လူသတ္တဝါ တို့အပေါ် မှီခိုရှင်သန်နေသည့် လူနှင့်ယဉ်ပါးသောသတ္တဝါနှင့်မယဉ်ပါးသော
သတိထားရမည့် အမှိုက်မီးပွားစလေးများ
24/04/19
မြန်မာသက္ကရာဇ် ၁၃၈၀ မှ ၁၃၈၁ သို့ကူးပြောင်းတော့မည့်နှစ်သစ်ကူး အတာသင်္ကြန်ကာလ။ သင်္ကြန်အကြတ်နေ့ညနေခင်း။
နောင်တွင် ဤသို့ မဖြစ်ရလေအောင်
24/04/19
ဧပြီ ၂၂ ရက် ည သန်းခေါင်ခန့်က ဖားကန့်တွင် ဖြစ်ပွားခဲ့သည့်ကြောက်ခမန်းလိလိဖြစ်ရပ်ကြီးမှာ နိုင်ငံတကာသတင်းဌာနအသီးသီး၏ ဖော်ပြမှုများနှင့်အတူ ကမ္ဘာအနှံ့သို့ သတင်းပြန့်ခဲ့ပြီဖြစ်သည်။ ကောင်းသတင်းထက် ဆိုးသတင်းက
မြန်မာနိုင်ငံနှင့် ပရဟိတလုပ်ငန်းများ
24/04/19
မွန်မြတ်သော လူမှုဝန်ထမ်းအလေ့အထတစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းကူညီထောက်ပံ့ခြင်းဟူသော အညမည သင်္ဂဟလုပ်ငန်းသည် မြန်မာနိုင်ငံတွင်