Latest News

နောက်ဆုံးရသတင်းများ

လွိုင်ကော်မြို့နယ်၌ ၁၆ ကုတင်ဆံ့ လောဓလေးတိုက်နယ်ဆေးရုံ အဆောက်အဦသစ်ဖွင့်

ပြည်တွင်း

23/04/19

ကယားပြည်နယ် လွိုင်ကော်မြို့နယ် လောဓလေးကျေးရွာရှိ (၁၆)ကုတင်ဆံ့ လောဓလေး တိုက်နယ်ဆေးရုံ အဆောက်အဦသစ် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါဆေးရုံရှေ့၌ ပြုလုပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Omsk မြို့ရှိ JSC Radio Plant သို့ သွားရောက်ကြည့်ရှုလေ့လာ၊ မော်စကိုမြို့သို့ရောက်ရှိ

ပြည်တွင်း

23/04/19

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Irkutsk မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် Irkutsk လေဆိပ်မှထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် Omsk မြို့သို့ ရောက်ရှိရာ Russia-ASEAN Business Council ဥက္ကဋ္ဌ Mr. Ivan Polyakov နှင့်တာဝန်ရှိသူများက လေဆိပ်၌ကြိုဆို နှုတ်ဆက်ကြသည်။

ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအမှတ်တံဆိပ်ဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

23/04/19

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် ဟိုတယ်များ အဆင့်အတန်း မြင့်မားစေရေးနှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက်ရေးကို ရည်ရွယ် ၍ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအမှတ်တံဆိပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ် ၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် International Fleet Review -IFR အခမ်းအနားနှင့် China-ASEAN Joint Maritime Exercise တို့သို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ဆင်ဖြူရှင်) တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိ

ပြည်တွင်း

23/04/19

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုန်းပြည်နယ်၊ ချင်းတောင်မြို့တွင် ကျင်းပပြုလုပ်မည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရေတပ် (People's Liberation Army-PLA Navy)၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် ...........

ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၈ အသင်း ပြန်လည်ရောက်ရှိ

အားကစား

23/04/19

ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၈ အသင်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆွေမျိုးမိတ်သင်္ဂဟများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်သည်။

လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ်ကြီးလေးသောကျူးလွန်မှုများမှကာကွယ် တားဆီးရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

23/04/19

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ၏ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)အား ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကမ္ဘောဇအနာဂတ်လင်းတန်းမြန်မာဖောင်ဒေးရှင်းမှ  နိုင်ငံတစ်ဝန်း ရေရှားပါးသောဒေသများသို့ သောက်သုံးရေ လှူဒါန်း

ပြည်တွင်း

23/04/19

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ် ဆောင်ရွက်မှုဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ နိုင်ငံတစ်ဝန်း ရေရှားပါးသောဒေသများရှိ ပြည်သူများ ...............

ရေတွင်းဆယ်ယူစဉ် စက်သီးချိတ်လန်ပြီး ရေတွင်းထဲသို့ ပြန်ပြုတ်ကျသူအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ပြည်တွင်း

23/04/19

မွန်ပြည်နယ် သထုံမြို့နယ် တင်လှိုင်ရပ်ကွက် အရှေ့ပိုင်းရှိ နေအိမ်တွင် ရေတွင်းဆယ်ယူရာမှ စက်သီးချိတ်လန်ပြီး ရေတွင်းထဲ ပြုတ်ကျသူအား သထုံခရိုင် မိးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များက ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

မြန်မာနှင့် စင်ကာပူအသင်း စင်ကာပူနိုင်ငံ၌ ခြေစမ်းမည်

အားကစား

23/04/19

မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူ လက်ရွေးစင်အသင်းသည် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲကစားရန် နှစ်ဖက်ဘောလုံး အဖွဲ့ချုပ် သဘောတူညီမှုရခဲ့သည်။ ယင်းခြေစမ်းပွဲကို ဇွန် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အာရှ၏ပထမဆုံး AMI နည်းပညာသုံး မီတာဖတ်စနစ်နှင့် ဓာတ်အားခငွေကောက်ခံမှုကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်း မြို့နယ်နှစ်ခုတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီးဖြစ်

ပြည်တွင်း

23/04/19

အရှေ့တောင်အာရှအနေဖြင့် ပထမဆုံးအသုံးပြုသော AMI နည်းပညာသုံး မီတာဖတ်စနစ်နှင့် ဓာတ်အားခငွေကောက်ခံမှုကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်နှစ်ခုဖြစ်သော ပန်းပဲတန်းမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် ယနေ့မှစတင်ကာ တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC )မှ သိရသည်။

အဖတ်များဆုံး သတင်း