Latest News

နောက်ဆုံးရသတင်းများ

အပူချိန်မြင့်သော်လည်း ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုများပြားလျက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

23/04/19

ယခုနှစ်ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် များပြားလျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ရှိရာ ပုဂံတွင်လည်း အပူရှိန်မြင့်မားသည့်တိုင် နေ့စဉ်နိုင်ငံခြား ခရီးသွားဧည့်သည်များ ဝင်ရောက် လျက်ရှိကြောင်း သိရသည်။

ရွှေကူ ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မှုခင်း

23/04/19

ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၂ ရက် နံနက် ၆ နာရီခွဲတွင် ရွှေကူမြို့နယ်၊ လိပ်စင်း-ကသာသွား ကားလမ်းတွင် မမြဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၇,ဝ၀ဝ  သိမ်းဆည်းရမိခဲ့သည်။            

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများတောင်ကြီးခရိုင်အတွင်း ရေရှားပါးသည်ရပ်ကွက်နှင့်ကျေးရွာသို့ကွင်းဆင်း၍ ရေလှူဒါန်း

ပြည်တွင်း

23/04/19

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်အတွင်း ယခုနှစ်နွေရာသီ၌ အပူချိန်ပိုမိုများပြားလျက်ရှိရာ သောက်ရေသုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် စေတနာရှင် အလှူရှင်များက ယနေ့မွန်းလွဲ ၁ နာရီက ရေအခက်အခဲဖြစ်ပေါ်နေသည့် တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် အောင်သပြေကျေးရွာများတွင် ပြည်သူ့များအား မီးသတ်ရေသယ်ယာဉ်နှင့် ရေကားများဖြင့် သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့တွင် သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်

ပြည်တွင်း

23/04/19

စစ်ကိုင်းတိုင်းဒေသကြီး  ဝက်လက်မြို့တွင်   ၂၀၁၈  ခုနှစ်  မိုးရာသီကာလအတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် သီးနှံပျက်စီးဧက ၄၈၁၉၅ ဧကအပေါ်  ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို  ယနေ့ နံနက်  ၉ နာရီက ဝက်လက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့တွင် နိုင်ငံတကာ စာအုပ်စာစောင်များနေ့အထိမ်းအမှတ် စာအုပ်စာပေပြပွဲနှင့် စာဖတ်ဝိုင်း ကျင်းပ

ပြည်တွင်း

23/04/19

စာမဖတ်သူပပျောက်ရေးနှင့် စာဖတ်သည့်အလေ့အထ ရှင်သန်အားကောင်းစေရန်အတွက် နိုင်ငံတကာ စာအုပ်စာစောင်များနေ့ အထိမ်းအမှတ် စာအုပ်စာပေပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ဖားကန့်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၂၇)ကြိမ်မြောက် လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းဆိုင်ရာ ပူးတွဲဆပ် ကော်မတီ(JSCEEE)အစည်းအဝေးနှင့် ဆက်စပ်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

23/04/19

(၂၇)ကြိမ်မြောက် လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းဆိုင်ရာ ပူးတွဲ ဆပ်ကော်မတီ  (JSCEEE) အစည်းအဝေးနှင့် ဆက်စပ်အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအနက် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းဆောင်ရွက်

ပြည်တွင်း

23/04/19

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသောတိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်

ပြည်တွင်း

23/04/19

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီး ဌာနသည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့ရာတွင် မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်သော တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station)ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့တွင် ဧပြီ ၂၂ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ မတ်လ အတွင်း အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၃၀ဝ၀ ခန့် အကျိုးခံစားခွင့်ပေးခဲ့

ပြည်တွင်း

23/04/19

စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်  သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျှက်ရှိသည်။

အဖတ်များဆုံး သတင်း