Latest News
နောက်ဆုံးရသတင်းများ
ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက် ဆရာတော် အမှူးရှိသော ရဟန်းများ၊သီလရှင်များနှင့် ယောဂီများအား အရုဏ်ဆွမ်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
16/04/19
ဟားခါးမြို့ အိမ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန်တောရစာသင်တိုက်၏ ဦးစီးပဓာန နာယက၊ ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ အမှူးရှိသော ဒုလ္လဘရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ယောဂီများအား ပြည်နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သင်္ကြန်အတက်နေ့ နံနက်အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ရန်ကုန်မြို့ အင်းလျားလမ်းရှိ မြန်မာ့ရိုးရာတိုင်းရင်းသားလမ်းလျှောက် အတာသင်္ကြန်တွင် လာရောက်ရေကစားသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား
16/04/19
၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် (သင်္ကြန်အတက်နေ့) ယနေ့၌ ရန်ကုန်မြို့ အင်းလျားလမ်းရှိ မြန်မာ့ရိုးရာတိုင်းရင်းသားလမ်းလျှောက်အတာ သင်္ကြန်တွင် လာရောက်ရေကစားသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့၊ ဗဟိုရေသဘင် မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး
16/04/19
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့ ဗဟိုရေသဘင်မဏ္ဍပ်၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်း အနားကျင်းပ
16/04/19
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့ဖြစ်သော ယနေနံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။
မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့် မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
16/04/19
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသော အချိန်အခါဝယ် ကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို မန္တလေးမြို့တွင် ...............
သင်္ကြန်အတက်နေ့ ရန်ကုန်မြို့၌ ရေကစားမဏ္ဍပ်ကြီးများနှင့် လမ်းလျောက် သင်္ကြန်တို့၌ ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကား
16/04/19
၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် အတက်နေ့တွင် ရန်ကုန်မြို့၌ ရေကစား မဏ္ဍပ်ကြီးများနှင့် လမ်းလျှောက် သင်္ကြန်တို့တွင် ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားခဲ့သည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန်(ဗဟို) မဏ္ဍပ် ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ
16/04/19
၁၃၈၀ပြည့်နှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကိုယနေ့ (သင်္ကြန်အတက်နေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ကျင်းပရာရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက် အမှာစကားပြောကြားပြီး ဗဟိုမဏ္ဍပ်အား ပိတ်သိမ်းကြောင်း ကြေညာသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်
16/04/19
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး
မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)တွင် နေပြည်တော်၌ အေးချမ်း ပျော်ရွှင်စွာ ရေကစား
16/04/19
ယနေ့ မြန်မာရိုးရာမဟာသင်္ကြန် အတက်နေ့တွင် အနယ်နယ်အရပ်ရပ်ရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများမှာ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ရေကစား၍ နှစ်သစ်ကို ဖြတ်သန်းကြသည်။
မလှိုင်မြို့နယ်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် နောက်ဆုံးနေ့အထိ စည်ကား
16/04/19
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ယခင်နှစ်က မြန်မာ့ရိုးရာ အခါသင်္ကြန်၌ ယခင်နှစ်က ပါဝင်ခဲ့ခြင်းမရှိသော ဗဟိုမဏ္ဍပ်ထည့်သွင်း၍