Latest News
နောက်ဆုံးရသတင်းများ
မဟာသင်္ကြန် ပွဲတော်(အကြတ်နေ့) ရေပက်ကစားကြသူများ စတုဒိတာကျွေးမွေးလှူဒါန်းကြသူများဖြင့် မန္တလေးမြို့တော်တစ်ခွင် အထူးစည်ကား
15/04/19
မြန်မာရိုးရာမဟာ သင်္ကြန်ပွဲတော် (အကြတ်နေ့)တွင် မန္တလေးမြို့ နေရာအနှံ့ အပြား၌ ရေပက်ကစားကြသူများ စတုဒိတာ ကျွေးမွေးလှူဒါန်းကြသူများ ကောင်းမူကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။
မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ
15/04/19
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း စတင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှ ဖလားခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ရှမ်းယူနိုက်တက်နှင့် ဘင်ဒေါင်းအသင်း ဧပြီ ၁၆ ရက်တွင် ကစားမည်
15/04/19
၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (၄) အဖြစ် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဧပြီ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်
15/04/19
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ည ၇ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ် အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။
ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်
15/04/19
မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်သည်။
လွိုင်ကော်မြို့တွင် သင်္ကြန်ကာလအတွင်း ဘုရားဖူးသူများ၊ ဥပုသ်စောင့်သူများ၊ ရေကစားကြသူများဖြင့် စည်ကား
15/04/19
ကယားပြည်နယ် လွိုင်ကော်မြို့၌ ယနေ့ သင်္ကြန်အကြတ်နေ့တွင် တောင်ကွဲစေတီတော်၊ မြို့နာမ်စေတီတော် စသည့် လွိုင်ကော်မြို့တွင်း ဘုရားများသို့
ဘားအံမြို့နယ်အတွင်း သင်္ကြန်ကာလ ရေကစားသူများနှင့် လာရောက်လည်ပတ်သူများ အေးချမ်းစေရေး အထူးဆောင်ရွက်ပေးလျက်ရှိ
15/04/19
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း သင်္ကြန်ကာလ ရေကစားသူများ အေးချမ်းစွာဆင်နွှဲနိုင်ရေး၊ အထင်ကရနေရာများသို့ လာရောက်သူများ အေးချမ်းစွာလည်ပတ်နိုင်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
မဟာသင်္ကြန်ရုံးပိတ်ရက်ကာလ ဘားအံမြို့ပတ်ဝန်းကျင်ဂူဘုရားများ၌ လာရောက်လည်ပတ်သူများဖြင့် စည်ကား
15/04/19
အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ ဝန်ထမ်းမိသားစုများ၊ သင်္ကြန်ကာလ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာဖြင့် ကျွေးမွေးဧည့်ခံကုသိုလ် ပြုကြသည့် ဒေသခံများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
မော်လူးတွင် အချိန်အခါမဟုတ် လေပြင်းမုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀ ကျော်ပျက်စီး
15/04/19
အချိန်အခါမဟုတ် လေပြင်းမုန်တိုင်းငယ်နှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လူနေအိမ် ၃၀ ကျော် ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်၊ ပင်လောင်း၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
15/04/19
ပိတ်ချင်းမြောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် ည ၁၀ နာရီက ည ၁၀ နာရီက ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ မန္တလေး - လားရှိုးကားလမ်း၊ ဘုရားကြီးလမ်းဆုံတွင် ..........