Latest News
နောက်ဆုံးရသတင်းများ
မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာ တွင်သောက်သုံးရေရှားပါးမှုမရှိစေရေး စက်ရေတွင်းများ တူးဖော်ပေးလျှက်ရှိ
07/04/19
မကွေးတိုင်းဒေသကြီး၊ မင်ဘူးခရိုင်၊ မင်းဘူးမြို့နယ် အတွင်းရှိ ကျေးရွာသုံးရွာတွင် နွေရာသီကာလသောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး အတွက် စက်ရေတွင်းတူးဖော်ခြင်း နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း မင်းဘူး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြစ်သားမြို့ ပြက္ခရွေအရှေ့တောင်စေတီတော်နှင့် ပဉ္စမစွယ်တော်ရှင်တည်ရှိရာ အနောက်တောင်သို့ တောင်တက်ကားလမ်းများ ဖောက်လုပ်ရာတွင် လှူဒါန်းနိုင်
07/04/19
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မောနားဆရာတော်၊ ချမ်းမြေ့ပါရမီ တောရဆရာတော်နှင့် လောကနန္ဒာဆရာတော်တို့မှ ဦးဆောင်၍ ပြက္ခရွေ အရှေ့တောင်စေတီတော်နှင့် ပဉ္စမစွယ်တော်ရှင်စေတီတည်ရှိရာ အနောက်တောင်သို့ ၁၈ ပေအကျယ်ရှိ တောင်တက်ကားလမ်းများကို ၂၀၁၉ ခုနှစ် မတ်လမှ စတင်၍ ဖောက်လုပ်လျှက်ရှိသည်။
မိုးကြို ပဲတီစိမ်း စံပြကွက်စိုက်ပျိုးမည့်တောင်သူများအား ပံ့ပိုးပစ္စည်းများပေးအပ်
07/04/19
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြို ပဲတီစိမ်းစံပြကွက်စိုက်ပျိုးမည့် ထမ္မကြီးကျေးရွာနှင့် ကြိုးကြာဥ ကျေးရွာများမှ တောင်သူများအား ရေဆင်း(၁၄) ပဲတီစိမ်းမျိုး ၊ ...........
၂၀၁၉ ခုနှစ်၊ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနား ထားဝယ်မြို့၌ကျင်းပ
07/04/19
“အရည်အသွေးပြည့်ကျန်းမာရေး လူတိုင်းရအောင်ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ ၂၀၁၉ ခုနှစ် ၊ ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
မတ္တရာမြို့နယ်၌ တရားမဝင်သစ် ၅ တန်ကျော် ဖမ်းဆီးရမိ
07/04/19
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြောင်မြစ်ကမ်းဘေး၌ ဧပြီလ ၆ ရက်နေ့က တရားမဝင် သစ်များ ဖမ်းဆီးရမိခဲ့သည်။
မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်မတိုင်မီ ကော့သောင်းမြို့အနီး ပင်လယ်ကျွန်းအပန်းဖြေ ခရီးလာရောက်လည်ပတ်သူများဖြင့် စည်ကား
07/04/19
မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော် မတိုင်မီ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ပြည်တွင်းခရီးသွားဧည့်သည်များနှင့် ထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်လာကြသည့် ပြည်ပခရီးသွားဧည့်သည်များ ကော့သောင်းမြို့အနီးပင်လယ်ကျွန်းများသို့ အပန်းဖြေခရီး လာရောက် လည်ပတ်သူများဖြင့် စည်ကားလျှက်ရှိသည်ကို ဧပြီလ ၇ ရက်နေ့နံနက်ပိုင်းက မြို့မဆိပ်ကမ်းတံတားတွင်တွေ့မြင်ရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
07/04/19
၂၀၁၉ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးနင်းပြိုင်ပွဲ ကျင်းပ
07/04/19
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Pathein Cycling Club တို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးနင်းပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ နာရီ စင်အဝိုင်းမှ စတင်တာလွှတ်သည်။