Latest News
နောက်ဆုံးရသတင်းများ
ပြည်ရွှေဆံတော်ဘုရားရင်ပြင်တော်၌ မိုးသက်လေပြင်းကျရောက်မှုကြောင့် သာသနိကအဆောက်အအုံ အချို့ ပျက်စီးမှုများအား ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်
04/04/19
ပြည်မြို့နယ်တွင် ဧပြီလ ၂ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျရောက်မှုကြောင့် ပြည်ရွှေဆံတော် ဘုရားရင်ပြင်တော် အရှေ့ဘက်ထောင့်(အင်္ဂါထောင့်)ရှိ ရုပ်ပွားတော်ခြောက်ဆူ တန်ဆောင်း တစ်ခု ပြိုလဲသွားခဲ့ပြီး နဂါးနှစ်ကောင်တောင်ဘက်စောင်းတန်းရှိ တိုင်လေးတိုင်ပက်ကြားအက်မှုနှင့် ဗောဓိ ညောင်ပင်ကိုင်းများ ကျိုးကျပျက်စီးမှုတို့ကို ဧပြီ ၄ရက် နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှတပ်မတော်သားများနှင့်ပြည်ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များကပူးပေါင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးသို့ ပြည်တွင်းဘုရားဖူးများ လာရောက်မှုများပြားလျက်ရှိ
04/04/19
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီးသို့ ယခုရက်ပိုင်း ပြည်တွင်းဘုရားဖူး ဧည့်သည်များ နေ့စဉ်လာရောက်ဖူးမြော်ကြသဖြင့် စည်ကားလျက်ရှိနေကြောင်း ဘုရားဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကြည်စိုးထံမှ သိရသည်။
ပေါက်မြို့နယ်၌ (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသားဆိုက်စုံ ၁၃ တန်ကျော် ဖမ်းဆီးရမိ
04/04/19
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ပုသိမ်-မုံရွာ ကားမဘေး သနပ်ပင်ဇင်းကျေးရွာအနီး ၁၀ ဘီးယာဉ်တစ်စီးပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ပိတောက် သစ်ခွဲသားများ ဖမ်းဆီးရမိကြောင်း သိရသည်။
တနင်္သာရီ ရေတပ်စခန်းဌာနချုပ်နှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့ရေတပ်တို့ ချစ်ကြည်ရေး ဘော်လီဘောယှဉ်ပြိုင်
04/04/19
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ချစ်ကြည်ရေးအထိမ်းအမှတ်ဖြင့် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်(ကျွန်းစုမြို့)နှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့ရေတပ်တို့ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့သည်၊
ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများထိန်းချုပ်မှု မီဒီယာမှလူထုလှုံ့ဆော်လှုပ်ရှားမှုထိရောက်ခဲ့
04/04/19
မြန်မာနိုင်ငံတွင် ကွမ်းယာနှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော်လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ ကွမ်းစားသူ(၆၀)ရာခိုင်နှုန်းအား ကွမ်းမစားရန် ထိရောက်စွာတိုက်တွန်းနိုင်ခဲ့ကြောင်း ရန်ကုန်မြို့ချင်းတွင်းလမ်းရှိ ပြည်သူ့ကျန်းမာရေးဖော်ဒေးရှင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသော စာနယ်ဇင်းရှင်း လင်းပွဲမှသိရသည်။
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သြစတြေးလျနိုင်ငံသံအမတ်ကြီး Ms. Andrea Faulkner အားလက်ခံတွေ့ဆုံ
04/04/19
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် သြစတြေးလျနိုင်ငံသံအမတ်ကြီး Ms. Andrea Faulkner နှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
မေတ္တာမြို့၌ စာရှိန်မြှင့်တင်ရေး အိမ်တိုင်ရာရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်ငှားရမ်းပေး
04/04/19
အိမ်တိုင်ရာရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး မေတ္တာမြို့တွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
စားသုံးသူရေးရာဦးစီးဌာနမှ သင်္ကြန်ကာလ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန် ကားဂိတ်များသို့ ကွင်းဆင်းကြီးကြပ်
04/04/19
၂၀၁၉ ခုနှစ် သင်္ကြန်ကာလပိတ်ရက်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှပြည်သူများ မိဘရပ်ထံပြန်ခြင်း၊ ဘုရားဖူးသွားလာခြင်းနှင့် အခြားဒေသများသို့ လေ့လာရေးထွက်ခြင်းများ သွားလာချိန် ယာဉ်စီးနင်းခ၊ မူလဝယ်ယူထားသော .....
သန်လျင်၌ ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဖွင့်
04/04/19
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း နည်းပြသင်းတန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက သန်လျင်မြို့ မဟာမဇ္ဈိမာရုံစာသင်တိုက် ရွှေဥကျောင်းဆောင်၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ဧပြီလ၏ ပုံမှန်အပူချိန်အောက် အနည်းငယ်လျော့နည်း
04/04/19
လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ........
အဖတ်များဆုံး သတင်း
- 28/Jun/2026