Latest News

နောက်ဆုံးရသတင်းများ

မိတ္ထီလာမြို့နယ်၌ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲခြင်း လက်တွေ့သရုပ်ပြပွဲနှင့် အသိပညာပေး ဟောပြော

ပြည်တွင်း

04/04/19

သဘာဝမြေဆွေး ပြုလုပ်သုံးစွဲခြင်း လက်တွေ့သရုပ်ပြပွဲနှင့် အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာရှိ တောင်သူ ဦးအောင်ကြည်စိန်၏ စိုက်ပျိုးရေးခြံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေး ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများ နေသည့်အတွက် အဆောက်အဦ တိုးချဲ့တည်ဆောက်နေ

ပြည်တွင်း

04/04/19

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အတွင်းရှိ  ဗဟိုအကျဉ်းထောင် (မန္တလေး)တွင် အကျဉ်းသားများ နေသည့်အတွက် -------

ခမ်းနားကြီးကြယ်မှု အတိတ်၏ရုပ်ပုံလွှာများနှင့် အင်းဝ

ယဉ်ကျေးမှုနှင့် ခရီးသွား

04/04/19

၄  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ မြောက်ဘက် ၂ မိုင် ၄ ဖာလုံ၊ မ္တလေးမြို့၏ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)တို့ဆုံရာတွင် တည်ရှိသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာ အင်းဝမြို့ဟောင်းဒေသသည် ပြည်တွင်းပြည်ပခရီးသွားများအား အထူးဆွဲဆောင်လျက်ရှိပြီး လာရောက်လည်ပတ်မှု များပြားလျက်ရှိသည်။

 

အင်းလေးရေပေါ်သင်္ကြန်ပွဲတော် ၂၀၁၉ကို အင်းလေးဒေသ၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ယဉ်ကျေးမှုနှင့် ခရီးသွား

04/04/19

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ်မှု Miss Inlay Organization ၏ စီစဉ်မှုဖြင့် အင်းလေးရေပေါ်သင်္ကြန်ပွဲတော် ၂၀၁၉ကို ဧပြီလ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့ မှ ဧပြီလ ၁၇ ရက်နေ့ မဟာနှစ်ဆန်းတစ်ရက်နေ့အထိ ညောင်ရွှေမြို့နယ်၊ နန်းပန်ကျေးရွာ၊ နန်းပန်ဈေးအနီးရှိ Inle Cultural Heritage Trust Complex ရှေ့အင်းလေးကန်ရေပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ဓာတ်ခွဲခန်းဝန်ဆောင်မှုများအကြောင်း သိကောင်းစရာ

သတင်း ဆောင်းပါးများ

04/04/19

၄  ဧပြီ

 

ယနေ့အချိန်အခါတွင် ဆေးရုံ၊ ဆေးခန်းအရေအတွက်သည် တိုးတက်လျက်ရှိနေပါသည်။ ဆေးရုံ၊ ဆေးခန်း အရေအတွက် တိုးတက်လာမှုနှင့်အတူ ဆေးရုံ ၊ ဆေးခန်းများ၏ ဝန်ဆောင်မှုအရည်အသွေးသည်လည်း တိုးတက်လာရပါမည်။ သို့မှသာ ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု (Quality Health Care) ရရှိမည်ဖြစ်ပါသည်။

 

မင်းလှ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

ပြည်တွင်း

04/04/19

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့ မြို့မဈေးကြီးတွင် ယနေ့ နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးငယ်များအားပုံပြောခြင်းနှင့်ကိုယ်လက်လှုပ်ရှားခြင်းများဆောင်ရွက်

ပြည်တွင်း

04/04/19

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူလေးများ ပြင်ပ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဧပြီ ၄ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်  ဗဟိုစာကြည့်တိုက်ကလေးစာဖတ်ခန်း၌ ပုံပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မြောင်းမြို့၌ ရွှေကျွန်းသာ ဧရာဝတီသင်္ကြန်ပွဲတော် ကျင်းပမည်

ပြည်တွင်း

04/04/19

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့ ဆယ်ပင်ကျွန်းနှင့် မခေါက်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်း သဲသောင်ပြင်တွင် ဖွင့်လှစ်ထားသော ရွှေကျွန်းသာ အပန်းဖြေစခန်းတွင် ရွှေကျွန်းသာ ဧရာဝတီသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေကျွန်းသာ လူမှုဘဝဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလွင်ထံမှ သိရသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ (၈၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ပြည်တွင်း

04/04/19

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၂)နှစ်မြောက် အဖွဲ့စတင် ဖွဲ့စည်းတည်ထောင်သောနေ့ (Foundation Day) အထိမ်းအမှတ် အခမ်းအနားကို ဧပြီ ၁ ရက် နံနက် ၁၀ နာရီ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရှိ စုပေါင်း ခန်းမတွင် ကျင်းပသည်။