Latest News

နောက်ဆုံးရသတင်းများ

ချပ်သင်းဘေးမဲ့တော၌ ငှက်မျိုးစိတ်(၁၁)မျိုးနှင့် ငှက်ကောင်ရေ(၃၇၈)ကောင်တိုးလာ

ပြည်တွင်း

04/04/19

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန ချပ်သင်းတောရိုင် တိရစ္ဆာန်ဘေးမဲ့တောရှိ အင်တိုင်းတော ဂေဟစနစ်အတွင်း ကျရောက်ရှင်သန် ကျက်စားလျက်ရှိသော -----------

ဝါးပင်စိုက်ပျိုးလိုသူများအတွက် မျှင်ဝါးဖြူမျိုးစေ့များ ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက်ရှိ

ပြည်တွင်း

04/04/19

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ အရာတော် မြို့နယ်များသို့ ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်းမှ ၂ဝ၁၉ ခုနှစ်အတွင်း ဝါးပင်များ စိုက်ပျိုးနိုင်ရန် မျှင်ဝါးဖြူ မျိုးစေ့များကို ဖြန့်ဝေပေးသွားရန် စီစဉ်လျက်ရှိကြောင်း ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်း ဥက္ကဋ္ဌ ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။

"ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော်"ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ကျင်းပမည်

ပြည်တွင်း

04/04/19

"ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော်"ခေါင်း စဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဧပြီလ ၉ ရက် နံနက် ၁၁ နာရီတွင် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ လူထုအခြေပြု ဗဟိုဌာန ရှိ ကလေးစာဖတ်ခန်းတွင် ကျင်းပသွားမည်ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များ ပုံတောင်ဒေသရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ပြည်တွင်း

04/04/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုံတောင်ဒေသရှိ ရှားတောကျေးရွာသို့ ဧပြီ ၃ ရက်  ညနေ ၃ နာရီက  တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး    ဦးမြင့်ကြည်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ  ပြည်သူများနှင့်တွေ့ဆုံပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရိခေါဒါရ်၌ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ခြင်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ

ပြည်တွင်း

04/04/19

ချင်းပြည်နယ် ရိခေါဒါရ် ဒေသအတွင်းရှိ မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေ ပြည်သူများအား--------

သမိုင်းဝင်အညာသီဟတောဘုရားရင်ပြင်တော်နိမ့်ကျအက်ကွဲနေမှုများကို ငွေကျပ်သိန်း (၁၀ဝ၀) ကျော် အကုန်ကျခံ၍ ပြန်လည်ပြုပြင်မည်

ပြည်တွင်း

04/04/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ဧရာဝတီမြစ်လယ်ရှိ သမိုင်းဝင်အညာသီဟတော ဘုရားရင်ပြင်တော်တွင် မြစ်ရေတိုက်စားမှုကြောင့် နိမ့်ကျအက်ကွဲနေမှုများရှိရာ ဘုရားရင်ပြင်တော် မြေသားနှင့် ကျောက်သားကြံ့ခိုင်ရန် ဆောင်ရွက်မှုလုပ်ငန်းကို ငွေကျပ်သိန်း ၁၀ဝ၀ ကျော် အကုန်ကျခံ၍ မေလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကံမမြို့နယ်မှ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ပြည်တွင်း

04/04/19

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား သရက်ခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှထောက်ပံ့သော ငွေနှင့်ပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။

ကယားပြည်နယ်လုံးဆိုင်ရာ (၆၁)ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး(ခ)ဂန်းခွမ့် တံခွန်တိုင်ပွဲတော်အား ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်းကျေးရွာတွင် ကျင်းပသွားမည်

တိုင်းရင်းသား ရေးရာ

04/04/19

ကယားပြည်နယ်လုံးဆိုင်ရာ (၆၁)ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး(ခ)ဂန်းခွမ့် တံခွန်တိုင်ပွဲတော်ကို ဧပြီ ၅ ရက်မှ ၉ ရက်ထိ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဒေါခလိုက်လင်း ကျေးရွာတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လူထုဗဟိုပြုစီမံကိန်းကျေးရွာများသို့ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ ကွင်းဆင်းလေ့လာ

ပြည်တွင်း

04/04/19

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အခက်အခဲနှင့် အောင်မြင်မှု အခြေအနေများလေ့လာရန် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများသည် ဧပြီ ၂ ရက် နံနက်ပိုင်းက ဆီဆိုင်မြို့နယ်သို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။