Latest News

နောက်ဆုံးရသတင်းများ

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ထောက်ပံ့ငွေပေးအပ်

ပြည်တွင်း

31/03/19

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ် မိုးရာသီကာလ၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် မိုးစပါးစိုက်ဧက ၄၈၁၀ ဧကအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ အထက(ကျိုက္ကော်)ကျောင်း ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် သင်ဖြူးဖျာယက်လုပ်ခြင်း လုပ်ငန်းဖြင့် စီးပွားရေးအဆင်ပြေ 

ပြည်တွင်း

31/03/19

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ လက်ဆောင်ယူကျေးရွာတွင် သင်ဖြူးဖျာ ယက်လုပ်ခြင်းကို

တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကျင်းပ

ပြည်တွင်း

31/03/19

ရန်ကုန်   ၃၁ မတ် 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှစ၍ တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အလိုက် တစ်ပြိုင်နက်တည်း ကျင်းပရာ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ လာရောက်၍ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

 

ဖောင်းပြင်မြို့နယ်တွင် ကုန်းမြင့်ဒေသ ကော်ဖီမျိုးခွဲများ စမ်းသပ်စိုက်ပျိုး

ပြည်တွင်း

31/03/19

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် မတ် ၃၀ ရက်က ကုန်းမြင့်ဒေသ ကော်ဖီမျိုးခွဲများကို ဒေသကိုက်ညီမှု ရှိ မရှိ စမ်းသပ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းပြိုကျမှု ကာကွယ်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး

ပြည်တွင်း

31/03/19

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဗလဗကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း

မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်လျက်ရှိ

ပြည်တွင်း

31/03/19

မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာတွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို အက်ရှင်အေ့ဒ်မြန်မာ (မိတ္ထီလာ)က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကျုံပျော်မြို့တွင် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

အလှအပနှင့်ကျန်းမာရေး

31/03/19

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ပင်လုံရပ်ကွက်ရှိ ဝိဇာတရတနာ ကျန်းမာရေး အထောက်အကူပြု ဆေးခန်းတွင် ယနေ့ နံနက်ပိုင်းက

ဒေးဒရဲ၌  နွေရာသီ အခြေခံ အားကစားသင်တန်းဆင်းပွဲ ကျင်းပ

အားကစား

31/03/19

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အားကစားခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

သင်္ကြန်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့်အခြား ပြည်နယ်နှင့် တိုင်းများသို့ ပြေးဆွဲပေးနေသော အဝေးပြေး ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးမည်

ပြည်တွင်း

31/03/19

ဧရာဝတီတိုင်းဒေသကြီးအတွင်းနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲပေးနေသော အဝေးပြေး ယာဉ်လိုင်းများကို ပုံမှန်ပြေးဆွဲပေးသွားမှာဖြစ်ပြီး သက်မှတ်ယာဉ်စီးခများထက် ပိုမိုတောင်းခံပါက ခရီးသွားပြည်သူများအနေဖြင့် တိုင်းကြားနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲသို့ လာရောက်ဆန္ဒမဲပေး

ပြည်တွင်း

31/03/19

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်တင်မြှောက်ပွဲကို ယနေ့ နံနက်ပိုင်းမှစတင်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီး၌ ကျင်းပလျက်ရှိရာ နိ်ုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို မိသားစုတို့သည် ယနေ့နံက် ၈ နာရီတွင် တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက်ရှိ အမှတ်(၃)မဲရုံ၌ လာရောက်ဆန္ဒမဲပေးကြသည်။