Latest News

နောက်ဆုံးရသတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သံတွဲမြို့ပေါ်ရပ်ကွက်များ ရေပေးဝေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ပြည်တွင်း

22/03/19

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် သံတွဲမြို့ရှိ မြို့ပေါ်ရပ်ကွက်များ ရေပေးဝေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ခတ်တိုက်ခိုက်၊ အပြစ်မဲ့ပြည်သူတစ်ဦးအား ပစ်ခတ်သတ်ဖြတ်

ပြည်တွင်း

22/03/19

တပ်မတော်စစ်ကြောင်းအား AA အဖွဲ့က မတ် ၂၁ ရက် ညပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ပုဂံ- ညောင်ဦးဒေသတွင် အကောင်အထည် ဖော်ဆောင်မည့် စွန့်ထုတ်မိလ္လာ ရေဆိုးသန့်စင်မှု စနစ်အကြောင်း အများပြည်သူများသို့ အသိပေးရှင်းလင်း

ပြည်တွင်း

22/03/19

ပုဂံ-ညောင်ဦးဒေသတွင် အကောင်အထည်ဖော်ဆောင်မည့် စွန့်ထုတ်မိလ္လာ ရေဆိုးသန့်စင်မှုစနစ်အကြောင်း အများပြည်သူများသို့ ရှင်းလင်းပွဲကို ညောင်ဦးမြို့၊ မင်းနန်သူရွာ၊ Aureum Place Hotel၊ ကျန်စစ်သားခန်းမတွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းကျင်းပ 

ပြည်တွင်း

22/03/19

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းစီစဉ် ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စု မြေနီကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

ပြည်တွင်း

22/03/19

မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပညာရေးမှူးရုံး၊   လူမှုဖူလုံရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန စိုက်ပျိုးရေး ဦးစီးဌာနသို့ သွားရောက်ငှားရမ်း ပေးခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

ပြည်တွင်း

22/03/19

နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ ............

ထရန်စဖော်မာ အင်အားတိုးမြှင့်လဲလှယ်ခြင်းကြောင့် ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်များတွင် နှစ်ရက်ကြာ ဓာတ်အားပြတ်တောက်မည်

ပြည်တွင်း

22/03/19

ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်များတွင် ထရန်စဖော်မာ အင်အားတိုးမြှင့် လဲလှယ်ခြင်းကြောင့် နှစ်ရက်ကြာ ဓာတ်အားပြတ်တောက်သွားမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 မြေအောက်ထပ်တွင် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်

ပြည်တွင်း

22/03/19

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 မြေအောက်ထပ်တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက မီးဘေးလုံခြုံရေးဇာတ် တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့သည်။

ဖားကန့်၊ ကော့သောင်း၊ ကျောက်ပန်းတောင်း၊ လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မှုခင်း

22/03/19

မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၁ ရက် ညနေ ၄ နာရီခွဲက ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၊ ရှမ်းပိုင်းလမ်းကြား၊ အမှတ်(င/၁၀၆/ဂ)နေ ညိုသန်း၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၃၀၊ အဆင့်နိမ့်ဘိန်း ၅၅ ဂရမ်တို့ကို သိမ်းဆည်းရမိသည်။

အဖတ်များဆုံး သတင်း