Latest News
နောက်ဆုံးရသတင်းများ
မြစ်ရေ အခြေအနေများ
06/03/19
၆ မတ်
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၆.၃.၂၀၁၉) ရက်နေ့ နံနက် (၆:၃၀) နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေ အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပြင်ဦးလွင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၈၀၁၅ ဦးရှိ
06/03/19
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ ပြင်ဦးလွင်မြို့ရှိ စာစစ်ဌာန (၁၁) ခုတွင် ကျောင်းသား၊ ကျောင်းသူ (၈၀၁၅) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ (၇၉၂)ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို
06/03/19
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်(၉)နာရီက စတင်ကျင်းပရာ ကျောင်းတွင်းဖြေ၊ ပြင်ပဖြေ ကျောင်းသား/ ကျောင်းသူပေါင်း (၇၉၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် နမ့်ဆန်တွင် စာစစ်ဌာန (၁)ခုသာ ဖွင့်လှစ်ထားရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရှိရသည်။
လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခဲ့ရပြီး စပါးအသင်း ကွာတားဖိုင်နယ်တက်ရောက်
06/03/19
ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း အေဂျက်စ်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို စပါးအသင်းမှာ ဒေါ့မွန်အသင်းကို အနိုင်ကစားပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။
ငါးသိုင်းချောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ (၉၃) ရာခိုင်နှုန်းကျော်ရှိ
06/03/19
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ပညာရေးဇုန်နယ်မြေအတွင်း (အထက)ငါးသိုင်းချောင်း၊ (အထက) ကုန်းပြင်နှင့် (အထက)ကမ်းနီဟူ၍ စာစစ်ဌာန(၃)ခုဖွင့်လှစ်ခဲ့ပြီး မတ်လ ၆ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုလျက် ရှိသည်။
မူဆယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၁၄၇၆ ဦး ဝင်ရောက်ဖြေဆို
06/03/19
ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်ခရိုင်တွင် ယနေ့နံနက်မှ စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းတွင်းဖြေ၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၇၆ ဦး ရှိကြောင်း သိရသည်။
၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဇာတ်ကားအချို့ အကဲဖြတ်များကို အကျပ်ရိုက်စေဟု ထပ်ဆင့်အကယ်ဒမီ ရန်အောင်ပြော
06/03/19
၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအတွက် ဆန်ကာတင် ရုပ်ရှင်ဇာတ်ကား ဒုတိယအဆင့်အတွက် ၂၅ ကား ထွက်ရှိ လာကြောင်းသိရသည်။