Latest News
နောက်ဆုံးရသတင်းများ
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသခံပြည်သူများ တွေဆုံပွဲအခမ်းအနားကျင်းပ
03/03/19
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသခံပြည်သူများ တွေဆုံပွဲကို မတ် ၂ ရက် နံနက် ၉ နာရီက ပလမြို့၊ အမှတ်(၁) ရပ်ကွက် (အ.ထ.က-ခွဲ) စာသင်ကျောင်းရှိ ပညာဒီပစာသင်ကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၃၉)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၅) သင်တန်းဆင်းပွဲကျင်းပ
03/03/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ မတ် ၁ ရက် နံနက် ၉ နာရီခွဲက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၃၉)နှင့် အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်(၃၅) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ပုလဲမြို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
03/03/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ ပုလဲရတနာခန်းမ၌ မတ် ၂ ရက် နံနက် ၁၀ နာရီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
03/03/19
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ မတ် ၂ ရက် မွန်းလွဲ ၃ နာရီက ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ ၂၀၁၈ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ရာနှုန်းပြည့် ကောက်ခံပြီးစီး
03/03/19
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများ မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက်
မင်းဘူးမြို့ရှိ လူစည်ကားရာနေရာများတွင် မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်
03/03/19
ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်စေရန်နှင့် မှုခင်းများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ လူစည်ကားရာ နေရာဖြစ်သည့် ကားကြီးကွင်း အနီးတွင် မတ် ၂ ရက် နံနက် ၁၀ နာရီခွဲခန့်က မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ADSP စီမံကိန်းဧရိယာတွင် နွေစပါးစိုက်ပျိုးရေ စတင်ပေးဝေနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
03/03/19
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ADSP စီမံကိန်းဧရိယာတွင် နွေစပါးစိုက်ပျိုးရေ စတင်ပေးဝေနေမှုအား နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့် တိုင်းအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ မတ် ၁ ရက်က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယနေ့နံနက် တိုင်းတာရရှိသော မြစ်ရေအခြေအနေ
03/03/19
နေပြည်တော် ၃ မတ်
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၆ နာရီခွဲတွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို ထုတ်ပြန်ခဲ့ရာ ဖော်ပြပါအတိုင်းဖြစ်သည်။
ယနေ့အတွက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
03/03/19
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီခွဲတွင် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်ကို