Latest News

နောက်ဆုံးရသတင်းများ

မချမ်းဘောမြို့၌ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းဖွင့်

ပြည်တွင်း

26/02/19

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု   အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခွဲက မချမ်းဘောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသို့ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပြည်တွင်း

26/02/19

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ် (Extractive Industries Transparency Initiative-EITI) များနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသို့ မိတ်ဆက်ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်သဘင်ဆောင်၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ 

တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

26/02/19

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် စင်ကာပူသံရုံးမှ သံရုံးဒုတိယအကြီးအကဲ သံမှူး Mr. KohCheeChian အား လက်ခံတွေ့ဆုံ

ပြည်တွင်း

26/02/19

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် စင်ကာပူသံရုံးမှ သံရုံး ဒုတိယအကြီးအကဲ သံမှူး Mr. KohCheeChian အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးအေးသာအောင် စင်ကာပူသံရုံးမှ သံရုံးဒုတိယအကြီးအကဲ သံမှူး Mr. Koh Chee Chian အား လက်ခံတွေ့ဆုံ

ပြည်တွင်း

26/02/19

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် စင်ကာပူသံရုံးမှ သံရုံး ဒုတိယအကြီးအကဲ သံမှူး Mr. Koh Chee Chian အား

မောင်တောမြို့၌ မူးယစ်ဆေးဝါးသုံးစွဲနေသူ နှစ်ဦးနှင့် အပေါင်းပါ နှစ်ဦးအား စိတ်ကြွဆေးပြားများ၊ ငွေကြေးများနှင့်အတူ ဖမ်းဆီးရမိ

မှုခင်း

26/02/19

မောင်တောမြို့၌ မူးယစ်ဆေးဝါး သုံးစွဲနေသူနှစ်ဦးနှင့် ၎င်းတို့၏ အပေါင်းပါ နှစ်ဦးအား စိတ်ကြွဆေးပြား ၂၅ ပြား၊ ငွေကျပ် ၂၄ သိန်းကျော်နှင့် လက်ကျန်ငွေကျပ် သိန်း ၅၀ ကျော်ရှိသည့် ဘဏ်စာအုပ်တစ်အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ရွှေခရုကျရောက်မှုကြောင့် သီးနှံထိခိုက်ပျက်စီးသွားသော လယ်မြေများအတွက် ထောက်ပံ့ငွေပေးအပ်

ပြည်တွင်း

26/02/19

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရွှေခရုကျရောက်မှုကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် သီးနှံပျက်စီးသွားသော စိုက်ပျိုးလယ်မြေများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မန္တလေးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုအများဆုံးဖြစ်

ပြည်တွင်း

26/02/19

မန္တလေးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ဇန်နဝါရီလအထိ ကုန်စည်နှင့် ပတ်သက်၍

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် (၁၉၉၅)စီး ဖမ်းဆီးအရေးယူနိုင်ခဲ့

ပြည်တွင်း

26/02/19

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် (၁၉၉၅)စီးနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ် (၂၉)စီး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဖတ်များဆုံး သတင်း