Latest News
နောက်ဆုံးရသတင်းများ
တောင်တွင်းကြီးမြို့တွင် မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်
26/02/19
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ တောင်ပြင်(၂)ရပ်ကွက်၌ ဖေဖော်ဝါရီ ၂၃ ရက် မီးလောင်မှုဖြစ်စဉ်တွင် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများအား ဖေဖော်ဝါရီ ၂၆ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ မှုခင်းအသိပညာပေး ဟောပြောပွဲကျင်းပ
26/02/19
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး မှုခင်းအသိပညာပေး ဟောပြောပွဲကို
မူဆယ်မြို့ နန်းတော်ဂိတ်မှ မန်ဝိန်းဂိတ်ပေါက်ထိ ကတ္တရာ(၄)လမ်းသွား အဆင့်မြှင့်ပြုပြင်
26/02/19
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နန်းတော်ဂိတ်မှ မန်ဝိန်းဂိတ်ပေါက်ထိ ကတ္တရာ (၄)လမ်းသွားအား အဆင့်မြှင့်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရားမဝင်ခိုးဝင်သူများအား ဖမ်းဆီးရာတွင် ပူးပေါင်းပါဝင် ကူညီသူများအား ဆုချီးမြှင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်
26/02/19
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သရက်ခရိုင် ရဲတပ်ဖွဲ့နယ်မြေအတွင်း အထောက်အထားမဲ့ ခိုးဝင်သူများအား ဖမ်းဆီးရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင် (၆၀)၊ ပူးပါင်းပါဝင် ကူညီပေးခဲ့သည့် ပြည်သူ(၄၆)ဦး၊ စုစုပေါင်း(၁၀၆)ဦးတို့အား ဆုချီးမြှင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
26/02/19
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင်
အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်ပြိုင်ပွဲတွင် ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများ ပါဝင်ယှဉ်ပြိုင်နိုင်
26/02/19
၂၀၁၉ ခုနှစ် အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်ပြိုင်ပွဲကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန (ACE) တို့က ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-လာအို၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားများနှင့် မယ်ဆိုင်-မယ်ဟောက်ချောင်း အတွင်း ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်
26/02/19
တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအိုချစ်ကြည်ရေးတံတားနှင့် နယ်စပ် စစ်ဆေးရေးစခန်း (Border Check Point)သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည်
၁၂ လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်တပေါင်းလအတွက် သဲပုံစေတီပွဲနှင့်သရဖီပန်းအထူးထုတ်တံဆိပ်ခေါင်းသစ်ရောင်းချပေးမည်
26/02/19
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂)လ ရာသီပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့် သရဖီပန်း ၂၀ဝ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်(၁)မျိုးအား .....
မြိုင်ကြီးငူအထူးဒေသတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ဆေးကုသပေးမည်
26/02/19
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးပြီး မျက်စိဝေဒနာ ခံစားနေရသည့် ကျေးလက်နေ ပြည်သူများအား မြိုင်ကြီးငူ သီတဂူအာရောဂျဒါနဆေးရုံ၌ မတ်လ ၂ ရက် မှ ၅ ရက် အထိ အပြင်တိမ်၊ အတွင်းတိမ် မျက်စိဝေဒနာ ခံစားနေရသူများအား သီတဂူမျက်စိအထူးကုဆေးအဖွဲ့ မှ လာရောက်စစ်ဆေးပြီး အခမဲ့ဆေးကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ သီးနှံအခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်း ဖွင့်လှစ်မည်
26/02/19
မိတ္ထီလာမြို့နယ်၌ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။