Latest News
နောက်ဆုံးရသတင်းများ
သာယာဝတီခရိုင်တွင် ၂၀၁၉ ခုနှစ်တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးလျက်ရှိ
26/02/19
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်း ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိရာ ခရိုင်အတွင်းရှိ သာယာဝတီ မြို့နယ်တွင် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၂၁၆၉ ဦး လက်ပံတန်းမြို့နယ်တွင် ၂၈၂၆ ဦး မင်းလှမြို့နယ်တွင် ၁၇၆၂ ဦး ရှိကြောင်း သိရသည်။
"တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ်" မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
26/02/19
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ "တရားရုံးကဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီအစဉ်" မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန−၂ (MICC – 2) ၌ ကျင်းပသည်။
ကျောက်ဆည်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်
26/02/19
ကျောက်ဆည်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီက အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်ခဲ့ရာ-------
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
26/02/19
ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဝင်ခွင့်ကတ် ထုတ်ပေး
26/02/19
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီက ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် --------
မိုင်းယောင်းမြို့၌ စိုက်ပျိုးရေးဆိုင်ရာ ဥပဒေ ရှင်းလင်းပွဲနှင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
26/02/19
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ ဥပဒေရှင်းလင်းပွဲနှင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
နေ့စဉ်မြစ်ရေခန့်မှန်းချက်များ
26/02/19
၂၆ ဖေဖော်ဝါရီ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၆.၂.၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကျောက်ပန်းတောင်းမြို့ ပွေးကျစ်-ပွဲခင်းကျေးရွာ ဂျင်းမြေသားအမာခံလမ်း ကိုယ့်အားကိုယ်ကိုးလမ်းဖောက်
26/02/19
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ကျေးရွာအုပ်စု ပွေးကျစ်ရွာနှင့် မဲဒီးကျေးရွာအုပ်စု ပွဲခင်းကျေးရွာသွားလမ်း ဂျင်းမြေသားအမာခံလမ်း ဖောက်လုပ်ခြင်း အရှည် ၃ ဒဿမ ၅ မိုင် အကျယ် ၃၅ ပေကို ကိုယ့်အားကိုယ်ကိုးလမ်း ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံတက္ကသိုလ်အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်
26/02/19
၂၀၁၈- ၂၀၁၉ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံအမျိုးသား/ အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် ခရိုင်အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။