Latest News
နောက်ဆုံးရသတင်းများ
သမဝါယမတက္ကသိုလ်(စစ်ကိုင်း) (၇)နှစ်မြောက် တည်ထောင်သည့်နေ့အထိမ်းအမှတ်နှင့် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားပဒေသာကပွဲ ကျင်းပ
11/02/19
စစ်ကိုင်း ၁၁ ဖေဖော်ဝါရီ
သမဝါယမတက္ကသိုလ်(စစ်ကိုင်း) (၇)နှစ်မြောက် တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်းအမှတ် သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်ခြင်း၊ ဈေးရောင်းပွဲတော် ကျင်းပခြင်းနှင့် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားပဒေသာကပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က သမဝါယမတက္ကသိုလ် (စစ်ကိုင်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ချင်းရိုင်ယူနိုက်တက်နှင့် ရန်ကုန်အသင်း မနက်ဖြန် ယှဉ်ပြိုင်ကစားမည်
11/02/19
၁၁ ဖေဖော်ဝါရီ
၂၀၁၉ ရာသီ အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ချင်းရိုင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ ဆင်ဂါကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်
11/02/19
နေပြည်တော် ၁၁ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်
11/02/19
နေပြည်တော် ၁၁ ဖေဖော်ဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်အမှာစကားပြောကြားသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နောက်ကျဂိုးများဖြင့် အီရန်အသင်းကို အနိုင်ရ
11/02/19
၁၁ ဖေဖော်ဝါရီ
၂၀၁၉ Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့ညနေပိုင်းက အိန္ဒိယနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အီရန်လက်ရွေးစင် အမျိုးသမီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်
11/02/19
ရန်ကုန် ၁၁ ဖေဖေါ်ဝါရီ
မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဖေဖေါ်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ သန်လျင်ကျိုက်ခေါက် စေတီတော်မြတ် ဗုဒ္ဓပူဇနိယတော်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
"မနောမြေမှ ကျောက်စိမ်းကမ္ဘာ" ရုပ်ရှင်ဇာတ်ကား ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်
11/02/19
ရန်ကုန် ၁၁ ဖေဖော်ဝါရီ
MOON MYANMAR MEDIA ကထုတ်လုပ်ပြီး ဒါရိုက်တာ JZ DAUNG LOON ရိုက်ကူးထား သည့် " မနောမြေမှ ကျောက်စိမ်း ကမ္ဘာ" ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကို ယနေ့ နံနက် ၉ နာရီ က ရန်ကုန်မြို့ရှိ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။
မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်
11/02/19
နေပြည်တော် ၁၁ ဖေဖော်ဝါရီ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ နည်းပညာစွန့်ဦးတီထွင်ပြိုင်ပွဲမှ ဆုရရှိသူ(၃)ဖွဲ့ကို ဆုများချီးမြှင့်
11/02/19
ရန်ကုန် ၁၁ ဖေဖော်ဝါရီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park တွင် ဖေဖော်ဝါရီ ၁၀ ရက်ညနေ ၆ နာရီက ကျင်းပသော မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ၏ ဆန်ကာတင်(၁၀)ဖွဲ့မှရွေးချယ်ခံရ သောအဖွဲ့(၃)ဖွဲ့ကို ဆုများချီးမြှင့်ခဲ့သည်။