Latest News

နောက်ဆုံးရသတင်းများ

ရန်ကုန်မြစ်အတွင်း ဆီးနှင်းများကျ၍ ရန်ကုန်-ပန်းဆိုးတန်း(ဒလ) ကူးတို့သင်္ဘောများနှင့် စက်တပ်သမ္ဗန်များ ခေတ္တရပ်နားခဲ့ရ

ပြည်တွင်း

11/02/19

ရန်ကုန်မြစ်အတွင်း၌ ယနေ့နံနက် အစောပိုင်းက ဆီးနှင်းများ ကျဆင်းလာမှုကြောင့် ရန်ကုန်-ပန်းဆိုးတန်း(ဒလ)ကူးတို့ ချယ်ရီသင်္ဘောများနှင့် စက်တပ်သမ္ဗန်များ ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။

ကလေးဝမြို့၌ ပြည်သူ့ဆေးရုံ အဆောက်အဦသစ်ဖွင့် 

အလှအပနှင့်ကျန်းမာရေး

11/02/19

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၁ နာရီက ကျင်းပရာ

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ  အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

ပြည်တွင်း

11/02/19

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများဖြစ်ကြသည့် ထုပ်စည်းတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၂/၃) တို့၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အားကစားဝါသနာရှင် အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှု အားပေးသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန် 

မိုးလေဝသ

11/02/19

နေပြည်တော် ၁၁ ဖေဖော်ဝါရီ

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန်တို့ကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

 

MDN

(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ညောင်ရွှေမှပင်းတယမြို့သို့ စက်ဘီးစီးနင်းမည်

ပြည်တွင်း

11/02/19

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်မှ အပျော်စီး စက်ဘီးစီး အဖွဲ့ဖြစ်သော Southin Shan State Old Star Cycling and Cyclist Nyaung Shwe Group စက်ဘီးစီးအဖွဲ့ဝင်များက ညောင်ရွှေမြို့မှ ပင်းတယမြို့သို့ အပျော်တမ်း စက်ဘီးစီးနင်းကြ မည်ဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပြီး တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေး

ပြည်တွင်း

11/02/19

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးလက်နေ ပြည်သူများကို ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသပေးခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်၊နံနက် ၉ နာရီက လေးဆူကျေးရွာ(ဓမ္မာရုံ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဓာတုလျော့ စိုက်ပျိုးရေးတောင်သူများ၏ သီးနှံထုတ်ကုန်ပြပွဲ မကွေးမြို့၌ ကျင်းပ

ပြည်တွင်း

11/02/19

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဓာတုလျော့စိုက်ပျိုးရေးနည်းစနစ်များ တောင်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်သည့် ဓာတုလျော့ စိုက်ပျိုးရေးတောင်သူများ၏ သီးနှံထွက်ကုန်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်က မကွေးမြို့  မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

စာကြည့်တိုက်မှူးဆု ပထမဆုံးအကြိမ် ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ပြည်တွင်း

11/02/19

စာကြည့်တိုက်ကို အခြေပြုပြီး ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်မှူးအား ပထမဆုံးအကြိမ်အဖြစ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စနေ၊ တနင်္ဂနွေ စာအုပ်ဈေးတန်း၌ Public Librarians Support Group က ကြီးမှူးပြုလုပ်ခဲ့ပြီး စာကြည့်တိုက် ၅ဝ အတွက် တစ်တိုက်လျှင် ကျပ် တစ်သိန်းနှုန်းဖြင့်  စုစုပေါင်း ကျပ်သိန်း ၅ဝ ကို Save The Library စာကြည့်တိုက်များ ကွန်ရက်မှ စာအုပ်များ လှူဒါန်း သွားမည်ဖြစ်

ရန်ကုန်မြို့ ဆူးလေစေတီတော် ရွှေသားအစစ်ထီးတော်တင် လှူပူဇော်မည်

ပြည်တွင်း

11/02/19

ရန်ကုန်မြို့လယ်တွင် တည်ထားကိုးကွယ်ထားသည့် ဆံတော်ရှင်ဆူးလေ စေတီတော်၏ ထီးတော်အား ရွှေသားအစစ်ထီးတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲကို ၂ဝ၂ဝ ပြည့်နှစ်တွင် တင်လှူပူဇော်နိုင်ရန် စီစဉ်ထားကြောင်း ဆူးလေစေတီတော် နာယကအဖွဲ့ဝင် မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးကျော်ခင်မြင့်ထံမှ သိရ

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပမည်

ပြည်တွင်း

11/02/19

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း၏ အသင်းဝင် မသန်စွမ်းသူ ၁၁၁၈၃ ဦးကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ် အကိုင် အခွင့်အလမ်းရရှိရေး တို့အတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ တတိယအကြိမ်မြောက် ကျင်းပမည်

အဖတ်များဆုံး သတင်း