Latest News

နောက်ဆုံးရသတင်းများ

ပြည်တွင်းစားသုံးဆီ ဖူလုံစွာ ထုတ်လုပ်နိုင်ရေးဆွေးနွေး

ပြည်တွင်း

19/05/24

နေပြည်တော် မေ ၁၉

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းစားသုံးဆီ ဖူလုံစွာထုတ်လုပ်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၅) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။