Latest News
နောက်ဆုံးရသတင်းများ
(၁၃) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
29/04/24
နေပြည်တော်၊ ဧပြီ ၂၉
(၁၃) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (အပေါ်ထပ်) ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုဖူလုံရေးရုံးအဆောက်အဦသစ်နှင့် ဆေးခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
29/04/24
နေပြည်တော်၊ ဧပြီ ၂၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
မြင်းခြံမြို့တွင် ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ နေအိမ် (၅)လုံး မီးလောင်ဆုံးရှုံး
29/04/24
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်၌ ကလေးငယ်များ ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ နေအိမ် (၅)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း (၁၀၅)ဝိုင်းဖြင့် သင်ကြားပို့ချပေးလျက်ရှိ
29/04/24
ကရင်ပြည်နယ် ဘားအံမြို့တွင် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်း၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့တွင် စာသင်ဝိုင်း(၁၀၅)ဝိုင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
29/04/24
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပင ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းမှ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ အားဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Powerf Point ဖြင့် ရှင်းလင်းတင်ပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်
29/04/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။