Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှု စစ်ဆေးပြီး ကံ့ကော်ပရိယတ္တိစာသင်တိုက်သို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
19/04/24
နေပြည်တော်၊ ဧပြီ ၁၉
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယွန်းထည်ဖြင့် တီထွင်ဖန်တီးထားသည့် စေတီ၊ ပုထိုး ပုံစံငယ်များကို စိတ်ဝင်တစား ဝယ်ယူမှုများ ရှိနေ
19/04/24
ရန်ကုန်၊ ဧပြီ ၁၈
ယန်းပညာဖြင့် တီထွင်ဖန်တီးထားသည့် ယွန်းထည် စေတီ၊ ပုထိုးပုံစံများကို စိတ်ဝင်တစား ဝယ်ယူမှုများရှိနေကြောင်း စွန့်ဦးတီထွင်ဖန်တီးသူ ဦးသိန်းနိုင်ကဆိုသည်။
ငရုတ်ပွများ စျေးကွက်အတွင်း ဝယ်လိုအားနည်း၍ ပင်ရင်းစျေးကွက်တွင် စျေးအလွန်အမင်း ကျဆင်းနေ
19/04/24
ရန်ကုန်၊ ဧပြီ ၁၉
ငရုတ်ပွများ စျေးကွက်အတွင်း ဝယ်လိုအားနည်းနေသည့်အတွက် ပင်ရင်းစျေးကွက်တွင် စျေးအလွန်အမင်း ကျဆင်းနေကြောင်းနှင့် လက်ရှိ အနေအထားအရ ငရုတ်ပွများ အဝင်များနေသော်လည်း ရောင်းလိုအား နည်းပါးနေကြောင်း သိရသည်။
ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွားလာမှု အများဆုံးဖြစ်ခဲ့ပြီး ယခင် ရာသီထက် ပိုမိုများပြား
19/04/24
ရန်ကုန်၊ ဧပြီ ၁၉
ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွားလာမှု အများဆုံးဖြစ်ခဲ့ပြီး ယခင် ရာသီထက် ပိုမိုများပြားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
သင်္ကြန်ကာလအပြီး၌ မုန်ညှင်းထုပ်ဈေးနှုန်းများ မြင့်တက်လာ
19/04/24
ရန်ကုန်၊ ဧပြီ ၁၉
သင်္ကြန်ကာလအပြီး၌ မုန်ညှင်းထုပ်ဈေးနှုန်းများ မြင့်တက်လာကြောင်း ကုန်စိမ်းဈေးကွက်အတွင်းမှ သိရသည်။ ကုန်စိမ်းဈေးကွက်အတွင်း၌ ယင်းကဲ့သို့ မုန်ညှင်းထုပ်များ ဈေးများမြင့်တက်လာရခြင်းမှာ ဝယ်လိုအား မြင့်တက်နေသောကြောင့်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်နှင့် လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
19/04/24
နေပြည်တော်၊ ဧပြီ ၁၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ် - ဝမ်ပုံသွား ကားလမ်းဘေးရှိ စိုးမင်းအောင် (ခ) ရေခဲ၏ လယ်တဲကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၂၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ
19/04/24
နေပြည်တော်၊ ဧပြီ ၁၉