Latest News

နောက်ဆုံးရသတင်းများ

မွန်းလွဲပိုင်းရွှေဈေး

စီးပွားရေး

22/01/24

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ   ၂၂

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

မိုးလေဝသ

22/01/24

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ    တိမ်အသင့်အတင့်   ဖြစ်ထွန်းနေပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက လူဦးရေ ၄၂၀၀၀ ကျော်ကို အကျိုးပြုစေမည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်

ပြည်တွင်း

22/01/24

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြေလမ်း ၁၅/၆မိုင်၊ ကျောက်လမ်း ၁၁/၂မိုင်၊ အမာခံလမ်း ၂/၀မိုင်၊ ကွန်ကရစ်တံတား သုံးစင်း၊ Box Culvert ၆၅ စင်း၊ ကျောက်စီရေမြောင်း ပေ ၃၅၀ တို့ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၃၂၅၇ ဒသမ ၁၁၇ သန်းဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ မင်းဘူး-ရွှေစက်တော် ယာဉ်လိုင်း ပြေးဆွဲမည်

ပြည်တွင်း

22/01/24

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်)မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ပေါင်း ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ရာ ဘုရားပွဲတော်ကာလ ဘုရားဖူးလာရောက်ကြသူများ သွားလာရေးအဆင်ပြေစေရန်အတွက် မင်းဘူး-ရွှေစက်တော် ခရီးသည်တင် ယာဉ်လိုင်းကို ဖေဖော်ဝါရီလအတွင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

အာနန္ဒာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပြည်တွင်း

22/01/24

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ ဘုရားကြီးတောင်ဘက်မုခ်တွင် သံဃာတော် အရှင်သူမြတ်များက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်ခဲ့ကြောင်း အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံမှ သိရသည်။

မြိတ်မြို ၌ ဘက်ထရီဆိုင်ကယ်များ အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်

ပြည်တွင်း

22/01/24

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ဦးမင်းဇော် (ဘ)ဦးဆိုင် ပိုင်ဆိုင်သည့် အလျား ပေ ၃၀၊ အနံ ပေ ၅၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း သုံးထပ်အဆောက်အအုံတွင် ဇန်နဝါရီ ၂၁ ရက်  ညနေ ၄ နာရီ မိနစ် ၅၀ က ဘက်ထရီဆိုင်ကယ်များ အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

အားကစား

22/01/24

ဦးစွာ ၂၀၂၄ ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် အသင်းများမှ ကစားသမားများက အသီးသီး မိတ်ဆက်ကြပြီး ဖွင့်ပွဲပွဲစဉ်များအဖြစ် Ko Paing အသင်းနှင့် USL အသင်း၊ Huamei Myanmar အသင်းနှင့် Grand Mekong အသင်း၊ Khit Kyaung Thar အသင်းနှင့် Ko Paing အသင်း၊ USL အသင်းနှင့် Shwe Kyung Thar အသင်းတို့ ယှဉ်ပြိုင်ကြသည်။

မနက်ပိုင်း ရွှေဈေး

စီးပွားရေး

22/01/24

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ    ၂၂

အဖတ်များဆုံး သတင်း