Latest News
နောက်ဆုံးရသတင်းများ
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်း၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ နှစ်ဦးသေဆုံး
20/02/23
နေပြည်တော် ဖေဖော်ဝါရီ၊ ၁၉
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်း NUG၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။