Latest News
နောက်ဆုံးရသတင်းများ
ကျောက်စံနှင့်ကန်းနီ လျှပ်စစ်ရေတင်စီမံကိန်းဖြင့် နွေစပါးဧကများအတွက် ရေပေးဝေစိုက်ပျိုးလျက်ရှိ
22/03/26
မင်းဘူး မတ် ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်တွင် ကျောက်စံနှင့်ကန်းနီ လျှပ်စစ်ရေတင်စီမံကိန်းများဖြင့် နွေစပါးဧက ၃၅၀ အတွက် ရေပေးဝေစိုက်ပျိုးနေပြီဖြစ်ကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တာဝန်ခံအရာရှိ ဦးစိုးညွန့်လင်းထံမှ သိရသည်။
ဆက်လက်ထိန်းသိမ်းရမည် တပ်မတော်နှင့် နိုင်ငံ့ဂုဏ်
22/03/26
မိုးမြင့်
တပ်မတော်သားအားလုံးရှိနှင့်ပြီးသည့် ခံယူချက်မှာ တာဝန်နှင့်သစ္စာတရား၊ တပ်ဖွဲ့စိတ်ဓာတ် နှင့်အတူပါလာသော ရဲဘော်ရဲဘက်စိတ်၊ ထိုစိတ်ဓာတ်များသည်သာ အောင်စိတ်အခရာ၊၊ အခြားဘာမျှမရှိပါ။
တာချီလိတ်မြို့၌ ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
22/03/26
နေပြည်တော် မတ် ၂၁
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင် ရောင်းဝယ်မှု တားဆီးကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့၌ ကျောင်းသားများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေး
22/03/26
နေပြည်တော် မတ် ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၂၀ ရက် နံနက် ပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိရာ အင်ဂျင်နီယာဘာသာရပ်နှင့် သင်တန်းနှစ်များအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
သူနာပြုတက္ကသိုလ် (မန္တလေး) (၂၃) ကြိမ်နှင့် (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ
22/03/26
မန္တလေး မတ် ၂၁
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုတက္ကသိုလ် (မန္တလေး) ၏ (၂၃) ကြိမ်နှင့် (၂၄) ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားကို မတ် ၂၁ ရက်က မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။