လူငယ်များ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ပြုလုပ်မည်

သထုံ  ၁၀  ဇန်နဝါရီ    

 

မွန်ပြည်နယ်၊ သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်များ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ကွန်ပျူတာတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၁၀ နာရီမှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ မဲဆန္ဒနယ်မြေအမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ကွန်ပျူတာ တက္ကသိုလ်(သထုံ)မှ ပါမောက္ခကျောင်းအုပ်ကြီး ဒေါက်တာဝင်းဌေးနှင့် ပါမောက္ခသင်္ချာဌာနမှူး ဒေါက်တာခင်နှင်းနှင်းသိန်းတို့က ဦးဆောင် ဆွေးနွေးကြမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများတို့ကလည်း ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ကာ မည်သူမဆိုတက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။


 
သက်ဦး(သထုံ)