မြစ်ကြီးနားမြို့နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပလျက်ရှိ

မြစ်ကြီးနား ၃ နိုဝင်ဘာ

 

ကချင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လှစ်လပ်နေရာအတွက် ပြည်သူများ ဆန္ဒမဲ ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ရှိ မဲရုံများနှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ဆန္ဒမဲပေး လျက်ရှိကြသည်။

 

အဆိုပါ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လစ်လပ်တစ်နေရာအတွက် မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်ပေါင်း (၂၈) ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၁၂)အုပ်စု၊ တာလောကြီးနယ်မြေအတွင်း (၅)အုပ်စု၊ ဆင်ဘိုဒေသအတွင်း (၁၅) အုပ်စုတို့ဖြင့် စုစုပေါင်းနေရာ (၆၀) တို့တွင် မဲရုံပေါင်း (၁၁၄) ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၀၃၂၉၂)ဦး တို့သည် သက်ဆိုင်ရာမဲရုံများအတွင်း ဆန္ဒမဲ လက်မှတ်များထုတ်ယူခြင်း၊ ဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြသည်။
 
အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်းနေရာအတွက် ကချင်ဒီမိုကရက်တစ်ပါတီ၊ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ စသည့် ပါတီ(၅)ခုမှ ကိုယ်စားလှယ်လောင်း(၅)ဦးနှင့် တသီးပုဂ္ဂလကိုယ်စား လှယ် လောင်း(၁)ဦးတို့ဖြစ်ကြောင်း သိရှိရသည်။
 
မြို့နယ် ပြန်/ဆက်