မြောင်းမြမြို့နယ် ရေကျော်ကုန်းကျေးရွာနှင့် ပျဉ်းကတိုးကုန်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦသစ်များဖွင့်လှစ်

မြောင်းမြ  ၅  ဖေဖော်ဝါရီ  

 

 (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်တွင် အလှူရှင် လှူဒါန်းမှုဖြင့်  (၂၀)ခုမြောက်နှင့် (၂၁)ခုမြောက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရေကျော်ကုန်းကျေးရွာနှင့် ပျဉ်းကတိုးကုန်းကျေးရွာ တို့ရှိ အဆိုပါ အဆောက်အဦများရှေ့၌ ကျင်းပသည်။

 

52

 

ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦကို  မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်၊ မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ ဆေးခန်းအဆောက်အဦ အလှူရှင် ဦးဘာဘာချို၊ ဒေါ်ရီရီဝေတို့ကလည်းကောင်း၊ ပျဉ်းကတိုးကုန်းကျေးရွာ (၂၁)ခုမြောက် ကျေးလက် ဆေးပေးခန်းအား အလှူရှင် ဂျာမနီနိုင်ငံမှ Mr,Dieter Schlatter နှင့် Mrs,Mijam Schlatter တို့ကလည်းကောင်း   ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

63

 

အခမ်းအနားတွင် မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် က မုဒိတာစကားများ ပြောကြားပြီး အလှူရှင်များက ဆေးခန်းအဆောက်အဦ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားကာ ဆေးခန်းအဆောက်အဦ အလှူရှင်နှင့် မြေအလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည် ပေးအပ်သည်။

 

အဆိုပါ ရေကျော်ကုန်းကျေးရွာနှင့် ပျဉ်းကတိုးကုန်းကျေးရွာ ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦသစ်များမှာ  မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ဦးဆောင်မှုဖြင့် ကျေးလက်ကျန်းမာရေးဌာန မရှိသော ၊ ဆေးကုသရန်ခက်ခဲသော၊ မြို့ဒေသနှင့် ဝေးလံခေါင်သော ၊ အရပ်ဒေသများအတွက် အလှူရှင်များမှ ဆောက်လုပ်ပေးသော (၂၀)ခုမြောက် နှင့်(၂၁)ခုမြောက်  ဖွင့်လှစ်ပေးသည့် ဆေးခန်းဖြစ်ပြီး ပေ ၃၀× ပေ ၄၂ ၊ အုတ်တစ်ထပ်တိုက် ၊ကွန်ကရစ်ခင်း သွပ်မိုး ၊လူနာ ခုတင် ၊ သားဖွားခုတင် နှင့် ဆိုလာမီးစနစ် ၊ အဝီစိတွင်း ၊ ရေစက်ရုံ အပါအဝင် ကျပ်သိန်း (၂၀ဝ) ကျော် ကုန်ကျခံကာ  ကျေးလက်ဆေးပေးခန်း စံကိုက်အညီ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)