မြေထဲပင်လယ်မှ ဝေလငါးများကို ရောမခေတ်ကတည်းက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြ

၁၁ ဇူလိုင်

 

ယနေ့ခေတ် ဝေလငါးများကို စီးပွားဖြစ် ဖမ်းဆီးသတ်ဖြတ်မှုဟာ မျက်မှောက်ခေတ်မှာသာ တွင်ကျယ်နေခြင်းမဟုတ်ဘဲ ရှေးယခင်ကတည်းက ရှိခဲ့တယ်ဆိုတာကို  မြေထဲပင်လယ်ထဲက မီးခိုးရောင်ဝေလငါးများနှင့် ဝေလငါးဖြူများ မျိုးသုဉ်းပျောက်ကွယ်မှုဟာ ရှေးဟောင်း ရောမမုဆိုးများ၏ လက်ချက်ဖြစ်နိုင်ကြောင်း သုတေသီများက ထောက်ပြပြီး သက်သေပြခဲ့ကြသည်။

 

ဝေလငါးများ နေထိုင်ခဲ့တယ်လို့ လုံးဝမထင်မှတ်ထားသည့် စပိန်နိုင်ငံတောင်ပိုင်း ဂျီဘရော်တာ ရေလက်ကြားမှာ ဝေလငါးမျိုးစိတ် နှစ်ခုရဲ့ အရိုးစုများကို တူဖော်တွေ့ရှိပြီးနောက် သုတေသီတွေက အခုလိုဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က အတ္တလန္တိတ် သမုဒ္ဒရာ မြောက်ပိုင်းမှာ ဝေလငါးများ နေထိုင်ကျက်စားခဲ့ကြပြီး မြေထဲပင်လယ် သမပိုင်းဇုန်က ရေလက်ကြားမှာ သားပေါက်ခဲ့ကြကြောင်း ရှာဖွေတွေ့ရှိချက်တွေအရ သိရပါတယ်။ ရောမအင်ပါယာ ကမ်းခြေတစ်လျှောက်မှာ ကျက်စားခဲ့သည့် ဝေလငါး မျိုးစိတ်နှစ်စိတ်ရဲ့ သက်သေ အထောက်အထားတွေဟာ ၎င်းတို့ မျိုးတုဉ်းပျောက်ကွယ်သွားရတဲ့ အခြေခံအကြောင်းတရားများအဖြစ် ပေါ်ပေါက်လာခဲ့ကြောင်း သုတေသီတွေက Royal Society B ဂျာနယ်မှာ ရေးသားခဲ့ကြပါတယ်။

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,ဝဝဝ ခန့်က  စပိန်နိုင်ငံမြောက်ပိုင်းနဲ့ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ နေထိုင်ခဲ့တဲ့ Basques လူမျိုးတွေဟာ ဝေလငါးဖမ်းဆီးမှု ကျွမ်းကျင်သူများအဖြစ် အများကလက်ခံထားကြပြီး နောက်ဆုံး တူးဖော်ရရှိခဲ့တဲ့ အရိုးစု အထောက်အထားများအရ ဝေလငါးများဟာ အဲဒီအချိန်ကတည်းက မျိုးသုဉ်းပျောက်ကွယ်မှုအန္တရာယ် ခြိမ်းခြောက်ခံခဲ့ရတယ်လို့ သိရပါတယ်။

 

အဆိုပါ Basques လူမျိုးများ၏ နည်းလမ်းအတိုင်း ရှေးခေတ် ရောမမုဆိုးများကလည်း ဝေလငါးများကို ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။ ရောမမုဆိုးတွေဟာ လှေငယ်များဖြင့် ဝေလငါးများအနီးထိ ချည်းကပ်လာကြပြီး မှိန်းဖြင့် ပစ်ခတ်ဖမ်းဆီးကာ ကမ်းခြေကို စွဲခေါ်သွားခြင်းဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ် သိပ္ပံသုတေသန လေ့လာရေးစင်တာမှ လက်ထောက် သုတေသီ စာရေးဆရာ Ana Rodrigues ၏ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

 

မြောက်အတ္တလန္တိတ် အတွင်းပိုင်းက မီးခိုးရောင် ဝေလငါးတွေ ပျောက်ကွယ်လာချိန်မှာ  စီးပွားဖြစ် ဖမ်းဆီးမှုတွေကြောင့် မြောက်အတ္တလန္တိတ် အရှေ့ပိုင်းတစ်ဝက်လောက်မှာလည်း ဝေလငါးဖြူတွေ ရှားပါးလာခဲ့ပါတယ်။ ယနေ့ချိန်မှာတော့ ကမ္ဘာ့အနောက်ပိုင်း အမေရိကန် ကမ်းရိုးတန်းအနီး မြောက်အတ္တလန္တိတ်မှာ ဝေလငါးဖြူ ၅၀ဝ လောက်သာ ကျန်ရှိတော့ပါတယ်။ ဒီအရေအတွက်ဟာ ယခင်ကခန့်မှန်းထားတဲ့ အကောင်ရေထက် ၆ ရာခိုင်နှုန်းတောင် နည်းနေပါတယ်။ မီးခိုရောင် ဝေလငါးတွေကိုတော့ ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းမှာသာ ရှင်သန်ကျက်စားလျက်ရှိတာကို တွေ့ရှိရပါတယ်။

 

MDN
ကိုးကား - AFP