မြိုင်မြို့နယ် ရွာရှည်ကျေးရွာကို အလှူရှင်များမှ စက်ရေတွင်း၊ ရေတင်ပန့်၊ ရေတင်စက်ရုံနှင့် ဂါလန်(၈၀၀)ဆံ့ ရေစင်လှူဒါန်းပေးအပ်

မြိုင် ၅ ဖေဖော်ဝါရီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ်အရ ဆည်မြောင်းနှင့် ရေအသုံးချ စီမံခန့်ခွဲရေးဦးစီးဌာနမှ တွင်းတူးစက်နှင့် နည်းပညာအကူအညီဖြင့် ရန်ကုန်စက်မှုတက္ကသိုလ် (၁၉၈၀- ၁၉၈၃) မြို့ပြ အင်ဂျင်နီယာဘွဲ့ရ ကျောင်းသား/ကျောင်းသူများမှ မြိုင်မြို့နယ် ရွာရှည်ကျေးရွာသို့ စက်ရေတွင်း၊ ရေတင်ပန့်၊ ရေတင်စက်ရုံနှင့် ဂါလန်(၈၀၀)ဆံ့ရေစင် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကျေးရွာသူ ကျေးရွာသားများထံသို့ လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရသည်။ 

 

8367

 

အဆိုပါ ရွာရှည်ကျေးရွာတွင် အိမ်ခြေ ၄၇၉ အိမ်နှင့် လူဦးရေ ၂၂၅၉ ဦးရှိရာ ကျေးရွာပိုင် ၂ လက်မ ပိုက်တွင်းငယ်များသာရှိပြီး နွေရာသီတွင် သောက်သုံးရေ ခက်ခဲလျက်ရှိသောကြောင့် ယခုကဲ့သို့ အလှူရှင်များနှင့် ချိတ်ဆက်ကာ ရေရရှိရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချ စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဦးထံမှ သိရသည်။

 

8617

 

မြိုင်မြို့နယ်အတွင်းတွင် နွေရာသီသောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများဖြစ်သည့်    ထန်းဘုန်းတောကျေးရွာ၊ တောင်စုံကျေးရွာ၊ သစ်ကြီးတောကျေးရွာတို့နှင့် ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာတို့တွင် ၄ လက်မစက်ရေတွင်းများ တူးဖော်ပေးလျက်ရှိပြီး လိုအပ်သည့် ရေတင်စက်၊ ရေတင်စက်ရုံနှင့် ရေစင်၊ ရေလှောင်ကန်များကိုလည်း လိုအပ်ချက်အလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဦးထံမှ သိရသည်။

အိမွန်ဆွေ(ရေစကြို)