မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် လူထုအခြေပြု ဖျားနာကုဆေးခန်း စမ်းသပ်ကုသနေမှုအား ကြည့်ရှု

မကွေး    ၂၃  မေ    

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆရာဝန်များအသင်း(မကွေး)၊ ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်းအသင်းနှင့် ကရုဏာရှင်များ နာရေးကူညီမှုမှုအသင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် Commumnity Fever Clinic လူထုအခြေပြု ဖျားနာကုဆေးခန်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

လူထုအခြေပြု ဖျားနာကုဆေးခန်းကို မကွေးမြို့ မြို့မဈေးအနီးရှိ ကရုဏာရှင်များနာရေးကူညီမှု အသင်းရုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မေလ ၂၃ ရက် ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် မကွေးမြို့တွင် ဖွင့်လှစ်မည့်( fever clinic )လူထုအခြေပြု ဖျားနားဆေးခန်း အစမ်းလေ့ကျင့်ကုသနေမှုအား ကြည့်ရှုခဲ့သည်။

 

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင် သည့် ရွှေပါရမီကျန်းမာရေး ဖေါင်ဒေးရှင်းမှ ဆေးဝါးပစ္စည်းနှင့်ဝတ်စုံများလှူဒါန်းမှုကို လက်ခံရယူကာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းဆွေးနွေးကာ အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

Commumnity Fever Clinic လူထုအခြေပြု ဖျားနာကုဆေးခန်းကို  မေလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့များတွင် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)