မြင်းခြံခရိုင်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့်ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲပြုလုပ်

မြင်းခြံ  ၅  ဖေဖော်ဝါရီ

 

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုဗဟိုပြုဌာန (Coummunity Centre) တွင် စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၅)ရက် ၊ နံနက်(၁၀)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

12356

 

အဆိုပါ ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများသို့ လာရောက်ကြသည့် ကျောင်းသား ၊ ကျောင်းသူများနှင့်မိဘအုပ်ထိန်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများမှ စာကြည့်တိုက်နှင့် သက်ဆိုင်သောစာအုပ်ပြပွဲကို ခင်းကျင်း ပြသခဲ့သည်။

 

စာအုပ်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများအတွက်ဗဟုသုတရရှိစေသော စာအုပ်များ၊ စိတ်ဝင်စားဖွယ်ကောင်းသော ပုံပြင်စာအုပ်များ၊ ကလေးငယ်များကြိုက်နှစ်သက်သည့် ကာတွန်း စာအုပ်များ အပြင်လူကြီးများအတွက် ပညာရပ်ဆိုင်ရာစာအုပ်များ၊ လက်တွေ့အသုံးချ နိုင်မည့် စာအုပ်များကို ပြသပေးခဲ့ကြောင်း သိရှိရသည်။

 

78965

 

ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းမြင့်က ဆေးရောင်ခြယ် ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲကိုစတင်ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ်ပြု လုပ်သော စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲသို့ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကလေးငယ်များ စုစုပေါင်း (၅၈)ဦး လာရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုရရှိ သူများကို ပြည်ထောင်စုနေ့တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)